Home Entertainment ဂီတအရည်အချင်းကို မကြည့်ဘဲ အစွဲနဲ့ Vote ပေးကြသူတွေကြောင့် ပရိတ်သတ် ဆွဲဆောင်မှု ကျဆင်းလာနိုင်တဲ့ မြန်မာ IDOL

ဂီတအရည်အချင်းကို မကြည့်ဘဲ အစွဲနဲ့ Vote ပေးကြသူတွေကြောင့် ပရိတ်သတ် ဆွဲဆောင်မှု ကျဆင်းလာနိုင်တဲ့ မြန်မာ IDOL

0
ဂီတအရည်အချင်းကို မကြည့်ဘဲ အစွဲနဲ့ Vote ပေးကြသူတွေကြောင့် ပရိတ်သတ် ဆွဲဆောင်မှု ကျဆင်းလာနိုင်တဲ့ မြန်မာ IDOL

ဒီညမှာပဲ အကျော်ကြားဆုံးတေးတွေကို သီဆိုပြီး ပြိုင်ပွဲဝင်သွားကြတာကို ဆန်းသစ်မြန်မာ ပရိတ်သတ်တွေ ကြည့်ရှုကြပြီးဖြစ်မယ်ထင်ပါတယ်။  ဒီည သီဆိုတာတွေကို နားထောင်ရင်း ဒိုင်သုံးဦးကိုလည်း သနားစိတ်ဖြစ်မိပါရဲ့။ ဘာကြောင့်လည်းဆိုတော့ သူတို့ခမျာလည်း Voter တွေရဲ့အားကို မလွန်ဆန်နိုင်အောင် စီစဉ်ထားလေတော့ မကောင်းပေမယ့် အောင့်သက်သက်နဲ့ ပြောနေရတာကိုက တကယ်သနားစရာပါ။ မူရင်းသီဆိုထားကြသူတစ်ချို့ကလည်း ဒီညတော့ စိတ်မကောင်းစွာနဲ့ အိပ်စက်ကြရလိမ့်မယ်ထင်ပါတယ်။

ဒီညသီချင်းတွေ နားထောင်ပြီး အရည်အချင်းရှိပါရဲ့နဲ့ စွန့်ခွာ သွားကြရသူတွေအတွက် တော့ စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါတယ်။ ဒီညအတွက် တကယ့် ဂီတကို ချပြသွားသူကတော့ ဦးသိန်းတန်စကားနဲ့ပြောရရင် ဝရှိလို့ဝိလုပ်နိုင်တဲ့ သားငယ်ပဲဖြစ်ပါတယ်။ လာမယ့် သောကြာညမှာသာ ဂီတပရိတ်သတ်ကြီးထင်သလို မဖြစ်ပဲ အစွဲကြီးတဲ့ ပရိတ်သတ်အားနဲ့ အရည်အချင်းရှိသူတွေ ထပ်ပြီး ထွက်သွားရဦးမယ်ဆိုရင်တော့ မြန်မာ IDOL ရဲ့ ဂုဏ်ကိုပါ ထိပါးလာနိုင်ပါတယ်။မြန်မာဂီတချစ် ပရိတ်သတ်တွေ ကလည်း အစွဲနဲ့ပေးနေတဲ့ Vote တွေကို ကျော်လွန်ဖို့ ကြိုးစားကြစေချင်ပါတယ်။ ဘယ်သူ့ကိုမှ ချစ်ခြင်းမုန်းခြင်းမရှိပါဘူး။ နောင်မှာ ပြည်မြန်မာတစ်ခွင် ချစ်ခင်နှစ်လိုဖွယ်တေးသီချင်းသံတွေလွင်နေဖို့နဲ့  နားဆင်နိုင်ကြစေဖို့ရည်ရွယ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: