Home News ပျောက်ဆုံးပျက်စီးသွားသည့် အောင်ဝင်းခိုင်၏ ပုံရိပ်များပါရှိသော စီစီတီဗီမှတ်တမ်းများအား နည်းပညာဖြင့် ပြန်လည်ရယူရန် ညွှန်ကြားထားခြင်း မရှိသေးဟု ဆို

ပျောက်ဆုံးပျက်စီးသွားသည့် အောင်ဝင်းခိုင်၏ ပုံရိပ်များပါရှိသော စီစီတီဗီမှတ်တမ်းများအား နည်းပညာဖြင့် ပြန်လည်ရယူရန် ညွှန်ကြားထားခြင်း မရှိသေးဟု ဆို

0
ပျောက်ဆုံးပျက်စီးသွားသည့် အောင်ဝင်းခိုင်၏ ပုံရိပ်များပါရှိသော စီစီတီဗီမှတ်တမ်းများအား နည်းပညာဖြင့် ပြန်လည်ရယူရန် ညွှန်ကြားထားခြင်း မရှိသေးဟု ဆို

ဦးကိုနီအား လုပ်ကြံမှုတွင် ပါဝင်ဆက်နွယ်နေသော အောင်ဝင်းခိုင်ပါ၏ မှတ်တမ်းများသည် စီစီတီဗီတွင် အလိုအလျောက် ပျက်စီးသွားသော်လည်း နည်းပညာအရ ပြန်လည်ရယူနိုင်ရန် ညွှန်ကြားထားခြင်း မရှိသေးဟု သိရှိရသည်။ အကယ်၍ နည်းပညာအရ ပျက်စီးပျောက်ဆုံးသွားသော ဖိုင်များအား ပြန်လည်ရယူရန် ညွှန်ကြားပါက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ဗိုလ်မှူးကြီး ဇော်ခင်အောင် က ပြောသည်။

ဦးကိုနီလုပ်ကြံမှုတွင် အဓိက ပါဝင်ဆက်နွယ်နေသော အောင်ဝင်းခိုင်သည် နေပြည်တော်တွင် ပျောက်ဆုံးလျက်ရှိပြီး နေပြည်တော်ရှိ စီစီတီဗီတွင် Rotate လုပ်ဆောင်ချက်ပေးထားသောကြောင့် မှတ်တမ်းတင်ထားသော ဖိုင်များမှာ တစ်ပတ်ကျော်လျှင် အလိုအလျောက် ပျက်စီးသွားသည်။ ထို့ကြောင့် ပျက်စီးသွားသော ဖိုင်များအား ပြန်လည်ရယူနိုင်ရန်အတွက် နည်းပညာအရ ပြန်လည် ရယူဖို့ ညွှန်ကြားပါက ဆောင်ရွက်သွားမည် ဟု သိရှိရသည်။

နည်းပညာကျွမ်းကျင်သူများက ပျက်စီးသွားသော ဖိုင်များအား ပြန်လည်ရယူနိုင်ကြောင်း သုံးသပ်ကြသည်။ ပျက်စီးသွားသည့် စီစီတီဗီမှတ်တမ်းကို နည်းပညာ အကူအညီဖြင့် ပြန်လည်ရယူနိုင်ပါက ယူရန် အစီအစဉ်ရှိ၊မရှိနေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးဇော်ခင်အောင်အား မေး မြန်းရာ ‘‘အထက်ဌာနရဲ့အစီအ စဉ်ပဲ။ သူတို့က လုပ်ဆို လုပ်ရမှာ ပေါ့’’ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: