
ပုံမှန်အားဖြင့် K Pop Star တစ်ယောက် ဖြစ်ဖို့ဆို လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှု အရမ်းလုပ်ရသလို အရမ်းကို ပင်ပန်းခံနိုင်မှသာလျှင် K Pop Star တစ်ပွင့်ဖြစ်မှာပါ။ ဒါကြောင့် K Pop Star ဖြစ်ဖို့ ဖျော်ဖြေရေးလောက ထဲကို ဝင်လာကြသူ အများအပြားရှိပေမယ့် ပင်ပန်းဒဏ်မခံနိုင်လို့ ထွက်သွားကြတဲ့သူတွေလည်း ဒုနဲ့ဒေး ပါဘဲ။ အခု ပြောချင်တာက K Pop Star ဖြစ်ဖို့အတွက် ကုမ္ပဏီတွေရဲ့ သင်တန်းတွေ၊ သင်ကြားရေးတွေ မတတ်ခဲ့ဘဲ K Pop Star ဖြစ်သူတွေ အကြောင်းပါ။ ရုတ်တရက် ကြားလိုက်ရင် ထူးဆန်းသလိုဖြစ်ပေမယ့် ဒါဟာ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ကိစ္စပါ။ YouTube ကြောင့် လူသိများလာပြီး အလိုအလျောက် ဆယ်လီ ဖြစ်သွားတာမျိုးတွေ အများကြီးပါဘဲ။ အခု ပြောပြမယ့် K Pop ဆယ်လီ ၁၀ ဦးကလဲ YouTube ကနေတစ်ဆင့် လူသိများလာပြီး K Pop Star ဖြစ်သွားတာပါ။
၁။ Ailee
Ailee ကိုတော့ K Pop ရဲ့ ပျားဘုရင်မ လေးလို့ တင်စားကြပါတယ်။ K Pop Star မဖြစ်ခင်က သူမဟာ YouTube မှာ သီချင်းပေါင်းများစွာကို Cover Song အနေနဲ့ ပြန်လည် သီဆိုပြီးတင်ခဲ့ပါတယ်။ သူမရဲ့ အသံကြောင့် လူသိများလာပြီး နောင်တစ်ချိန်မှာ Ailee ကို K Pop Star တစ်ပွင့်ဖြစ်ဖို့ အစပျိုးစေလိုက်တာဘဲ ဖြစ်ပါတယ်။
၂။ Eric Nam
သီဆိုရခက်ခဲတဲ့ သီချင်းတွေကို Male Version အနေနဲ့ ပြန်လည် သီဆိုပြီး သူ့ရဲ့ သီချင်းဆို လိမ္မာမှု ပညာကြောင့် တစ်ဖြည်းဖြည်းနဲ့ လူသိများလာပြီ အဆိုတော် ဖြစ်စေခဲ့တာပါ။ အဓိကအကြောင်းရင်းကတော့ Male Version Style သီဆိုမှုကြောင့် ဖြစ်ပါတယ်။
၃။ Red Velvet Wendy
သူမကတော့ သီချင်းသီဆိုမှု ပညာကြောင့် နာမည်ကြီးတာပါ။ အသံအရမ်းကောင်းလွန်းလို့ နာမည်ကြီးတာမဟုတ်ပါဘူး။ နာမည်ကြီး သီချင်းတွေ ပြန်လည်သီဆိုပြီး ကီးအရမ်းမြင့်တဲ့နေရာမှာ အသံမနိုင်တော့ပေမယ့် လှည့်စားချက်တွေသုံးပြီး သီဆိုနိုင်ပါတယ်။ သူမရဲ့ သီဆိုမှု အတော်များများမှာ ငယ်သူငယ်ချင်း ၃ဦးကတော့ ပါဝင်ပေးပါတယ်။
၄။ Jae Park
သူ့ကိုတော့ Voice of the angel လို့တောင် တင်စားပါတယ်။ အသံပညာပိုင်းဆိုင်ရာနဲ့ ဂီတာ တီးခတ်မှုကောင်းတာ ကြောင့် လူသိများလာပါတယ်။ သူ့ရဲ့သီချင်းစတိုလ်ကတော့ Classic style ဖြစ်တာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲပါဘဲ။
၅။ Yuju
G-Friend အဖွဲ့က Yuju ဟာဆိုရင် အရမ်းဆိုရခက်ခဲတဲ့ သီချင်းတွေကို ဆိုနိုင်စွမ်းရှိပါတယ်။ whimsical သီချင်း အမျိုးအစားတွေကို ဆိုနိုင်တာကြောင့် တစ်ကယ့်ကို ဆရာတစ်ဆူပါဘဲ။ အောက်ပါ သီချင်းကတော့ သူမ ပြန်လည်သီဆိုတဲ့ Frozen သီချင်းလေးဘဲ ဖြစ်ပါတယ်။ whimsical သီချင်းအမျိုးအစားတွေ ဆိုနိုင်တာကြောင့် သူမကို K Pop ကြယ်ပွင့်တစ်ပွင့်အနေနဲ့ ထွန်းလင်းစေတာ ဖြစ်ပါတယ်။
၆။ Rome
C-Clown အဖွဲ့က Rome ဆိုရင် သူ့ရဲ့ အက ပါရမီကြောင့် နာမည်ကြီးလာတာဖြစ်ပါတယ်။ YouTube မှာ အက ဗီဒီယိုတင်ရင်းကနေ ယနေ့လို K Pop Star အဖြစ် ဆယ်လီ တစ်ဦးဖြစ်လာတာ ဖြစ်ပါတယ်။ K Pop Star ဖြစ်လာတာ အမြန်ဆုံးသူထဲမှာ Rome လည်း ပါဝင်ပါတယ်။
၇။ Ashley
Ladies Code အဖွဲ့မှ Ashley ကတော့ အရင်ထဲက အကကြေငြာလေးတွေရိုက်ရင်းနဲ့ အောင်မြင်လာတာ ဖြစ်ပါတယ်။ သူမရဲ့ ကကွက်တွေကို YouTube မှာ တင်ရင်း ကြည့်ရှုသူများလာတဲ့အခါ အကပညာနဲ့ ဝင်ငွေရှာခဲ့ပါတယ်။ နောက်ပိုင်းမှာ K Pop Star တစ်ပွင့် အထိ ဖြစ်လာပါတယ်။န ယနေ့လို K Pop Star အဖြစ် ဆယ်လီ တစ်ဦးဖြစ်လာတာ ဖြစ်ပါတယ်။ K Pop Star ဖြစ်လာတာ အမြန်ဆုံးသူထဲမှာ Rome လည်း ပါဝင်ပါတယ်။
၈။ Big Matthew
KARD အဖွဲ့သား Big Matthew ကတော့ သူ့ရဲ့ ကိုယ်ပိုင်သံစဉ်တွေနဲ့ သီချင်းတွေကို YouTube မှာ တင်ရင်း နာမည်ကြီးလာတာ ဖြစ်ပါတယ်။ ခုတော့ ဆယ်လီတစ်ဦး ဖြစ်နေပါပြီ။
၉။ Kasper
သူမကိုတော့ အဆိုးဆုံး ရက်ပ်အဆိုတော် အဖြစ် သတ်မှတ်ပါတယ်။ ဒါပေမယ့်လည်း ဆယ်လီတစ်ဦးပါဘဲ။ ရက်ပ်သီချင်း အကြမ်းစားတွေကို ပြန်လည်သီဆိုရိုက်ကူးရင်း YouTube ကနေ လူသိများလာပြီး ရက်ပ်ဆယ်လီ တစ်ဦး ဖြစ်လာပါတယ်။
၁၀။ Young K
Day6 အဖွဲ့သားတစ်ဦးဖြစ်ပြီး YouTube ပေါ်မှာ ကိုယ်ပိုင်သီချင်းတွေနဲ့ သံစဉ်တွေ ဖန်တီးရင်း K Pop Star ဖြစ်လာပါတယ်။