
ထိုင်းနိုင်ငံ လိပ်ကျွန်းအမှုတွင် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦး အား ပြန်လည်စစ်ဆေးရန် အယူခံ ဝင်ခဲ့သော်လည်း အယူခံတရားရုံးကပါ ထပ်မံသေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ အယူခံတရားရုံးသည် စာရွက်စာတမ်းများ အကုန်မဖတ်ဘဲ အချိန်တိုအတွင်းတွင် စီရင်ချက် အလျင်အမြန်ချလိုက် ခြင်း ဖြစ်သည် ဟု မြန်မာနှစ်ဦး အမှုကိစ္စအတွက် လုပ်ဆောင်ပေးနေသော ဦးစိန်ဌေးက ပြောသည်။ စီချက်ချက်ချသည့် အချိန်တွင်လည်း တရားခံ ရှေ့နေများကို အသိမပေးဘဲ စီရင်ချက်ချခဲ့ခြင်း ဖြစ်ပြီး ထိုင်းသတင်းတွင် ပါရှိလာမှ ရှေ့နေများက သိရခြင်း ဖြစ်သည်။
ထို့ကြောင့် ယင်းအမှုကိစ္စအား ထိုင်းနိုင်ငံ၏ အမြင့်ဆုံး တရားရုံးချုပ်ဖြစ်သည့် တရားလွှတ်တော်ချုပ် အထိ အယူခံဝင်မည် ဖြစ်ကြောင်း သိရသည်။