Home News အောင်ဝင်းခိုင်ကို ခြေရာခံနိုင်သည့် စီစီတီဗီမှတ်တမ်းများမှာ အလိုအလျောက် ပျက်စီးသွားကြောင်း တာဝန်ရှိသူမှပြော

အောင်ဝင်းခိုင်ကို ခြေရာခံနိုင်သည့် စီစီတီဗီမှတ်တမ်းများမှာ အလိုအလျောက် ပျက်စီးသွားကြောင်း တာဝန်ရှိသူမှပြော

0
အောင်ဝင်းခိုင်ကို ခြေရာခံနိုင်သည့် စီစီတီဗီမှတ်တမ်းများမှာ အလိုအလျောက် ပျက်စီးသွားကြောင်း တာဝန်ရှိသူမှပြော

ဦးကိုနီအား လုပ်ကြံမှု၌ပါဝင်ဆက်စပ်နေပြီး လွတ်မြောက်နေဆဲဖြစ်သော အောင်ဝင်းခိုင် ၏ပုံရိပ်များ ပါဝင်သည်ဟု ယူဆရသည့် စီစီတီဗီမှတ်တမ်းများမှာ အလိုအလျောက် ပျက်စီးသွားသည်ဟု တာဝန်ရှိသူ တစ်ဦးမှ ပြောကြားသည်။ အဆိုပါ စီစီတီဗီမှတ်တမ်းကို သီးသန့်ဖျက်စီးခြင်းမဟုတ်ဘဲ သူ့အလိုလို ပျက်စီးတယ်လို့ ပြောပါတယ်။

ပျက်စီးရသည့် အကြောင်းအရင်းမှာ စီစီတီဗီ၏ Rotate စနစ်ကြောင့်ဖြစ်ပြီး တစ်ပတ်ကျော်လျှင် ယခင်မှတ်ခဲ့သော အချက်အလက်များအား အလိုအလျောက်ဖျက်လိုက်တာ ကြောင့် ဖြစ်ပါတယ် လို့သိရပါတယ်။ အောင်ဝင်းခိုင် နေပြည်တော် သို့ ရောက်လာခြင်းကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ သိရှိတာ ဖြစ်သည့်အပြင် နေပြည်တော်အဝင်လမ်း စီစီတီဗီမှတ်တမ်းများ ကို ပြန်လည် စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။

အောင်ဝင်းခိုင်သည် ဦးကို နီလုပ်ကြံမှုပြီးနောက် ဇန်နဝါရီ ၂၉ ရက် ညက ဇေယျာဖြိုးနှင့် တွေ့ဆုံပြီး ဇန်နဝါရီ ၃၀ ရက် တွင် ရောင်ဝါဖြိုး ကုမ္ပဏီ ဒါရိုက်တာတစ်ဦးဖြစ်သည့် ရဲ ထွဋ်လှိုင်ဆိုသူနှင့် နေပြည်တော် သို့ သွားရောက်ခဲ့ကြောင်း၊ ထို့ နောက်မကွေးသို့ သွားမည်ဟု ဆိုကာ ကားဂိတ်သို့ လိုက်ပို့ခိုင်းခဲ့ပြီး ဥပါတသန္တိ စေတီတော်တွင် ဘုရားဝတ်ပြုပြီးနောက် နေပြည်တော် ပရဆေးဥယျာဉ်ရှေ့၌ လူတစ်ယောက် လာခေါ်မည်ပြော ကာ ဆင်းကျန်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲချုပ်ဇော်ဝင်း က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

အောင်ဝင်းခိုင် နေပြည် တော်သို့ ရောက်ရှိလာမှုနှင့် ပတ် သက်၍ နေပြည်တော်တိုင်းရဲတပ် ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ‘‘ဝင်လာတယ်။ ပြန်ထွက်သွား တယ်။ ကားလဲသွားတယ်။ ပြီး တော့ အဲဒီကားကို ပြန်ပို့တယ်။ နောက်တစ်ယောက်နဲ့ ပြန်ပို့ တယ်။ တို့ အဲဒါကိုပဲ အတည်ပြု ပေးတာ။ မှန်တယ်။ ဝင်လာ တယ်။ အဲဒီလောက်ပဲ။ ကျန်တဲ့ အပိုင်းတွေကတော့ အသေးစိတ် မသိဘူး’’ ဟု ပြောသည်။

ဦးကိုနီကို လုပ်ကြံခဲ့သည့် အမှုတွင် ပါဝင်သူများဖြစ်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ကို ဖမ်းဆီးရမိထား ပြီး လုပ်ကြံရန် ခိုင်းစေခဲ့သူ အောင်ဝင်းခိုင်သည် နေပြည် တော် ပရဆေးဥယျာဉ်ရှေ့တွင် ဇန်နဝါရီ ၃၀ ရက်က ပျောက်ဆုံး သွားပြီး ၂၉ရက်ကြာသည်အထိ ဖမ်းမမိသေးပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: