Home News Sony ရဲ့ ကမ္ဘာ့ပထမဆုံး 4K HDR Display နဲ့ Xperia XZ Premium စမတ်ဖုန်း

Sony ရဲ့ ကမ္ဘာ့ပထမဆုံး 4K HDR Display နဲ့ Xperia XZ Premium စမတ်ဖုန်း

0
Sony ရဲ့ ကမ္ဘာ့ပထမဆုံး 4K HDR Display နဲ့ Xperia XZ Premium စမတ်ဖုန်း

ဘာစီလိုနာ မြို့မှာ ကျင်းပတဲ့ Mobile World Congress (MWC) ပွဲမှာ Sony ဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့ စမတ်ဖုန်း တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ဒါ့အပြင် MWC 2017 မှာ မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းကုမ္ပဏီများထဲမှာ Sony ရဲ့ Xperia XZ Premium ကတော့ အကောင်းဆုံးဖြစ်နေတယ်လို့ လဲ မှတ်ချက်များပေးနေကြပါတယ်။ အဓိက ကတော့ ကမ္ဘာ့ပထမဆုံး 4K HDR မျက်နှာပြင်သုံးထားတဲ့ အတွက် display ပိုင်းကတော့ တစ်ကယ့်ကို အလန်းစား ဖြစ်ပါတယ်။

CPU ကိုတော့ Snapdragon ရဲ့ နောက်ဆုံးထွက် 835 Processor ဖြင့် တပ်ဆင်ထောက်ပံ့ထားပြီး မိုဘိုင်းဒေတာ အသုံးပြုမှုအတွက် 1Gbps LTE ဖြစ်တာကြောင့် ဒေါင်းလုပ်ဆွဲတဲ့အခါ တစ်ကယ့်ကို မြန်ဆန်စေမှာပါ။ ဒါ့အပြင် Sony ရဲ့ ထုံးစံ အတိုင်း အကြမ်းခံမှုနဲ့ ရေစိုခံမှု ရှိပါတယ်။ Xperia XZ Premium မှာ Motion Eye လို့ခေါ်တဲ့ ကင်မရာစနစ် ပါဝင်ပြီး 960 fps နဲ့ 720 p အရည်အသွေးရှိတဲ့ video ရိုက်ကူးနိုင်မှာပါ။ ဒါ့ကြောင့် တစ်စက္ကန့်အတွင်းမှာ ဖြစ်ပျက်သွား တဲ့ ပုံရိပ်ပေါင်းများစွာကို မှတ်တမ်းတင်နိုင်မှာ ဖြစ်ပြီး Slow Motion အဖြစ် မှတ်တမ်းတင် ရိုက်ကူးနိုင်ပါတယ်။ ဒါဟာ Sony Xperia XZ Premium ရဲ့ အားသာချက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ စမတ်ဖုန်းကို ပြပါဆိုရင် Sony Xperia XZ Premium မှ လွဲပြီး ကျန်တဲ့ စမတ်ဖုန်းမျိုး ဒီလောက မှာ မရှိသေးပါဘူး။ အသံပိုင်းဆိုင်ရာ အတွက်လည်း High Resolution Audio Playback ဖြစ်တဲ့အတွက် သင့်ကို ကြည်စက်ပြတ်သားလှတဲ့ အသံပိုင်းဆိုင်ရာ အားသာချက်တွေကိုလည်း ပေးစွမ်းအုံးမှာပါ။

RAM 4GB, Storage 64 GB ဖြစ်တာကြောင့် အချက်အလက်များစွာသိမ်းဆည်းနိုင်မယ့် အပြင် App တွေကိုလည်း လျှင်မြန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘတ်ထရီအနေနဲ့ 3230 mAhပါဝင်ပြီး ဖုန်းအား အမြန်သွင်းနိုင်မယ့် စနစ်ပါရှိပါ သေးတယ်။ Android version 7.1 Nougat သုံးထားပြီး အဆိုပါ စမတ်ဖုန်းကို Luminous Chrome နဲ့ Deepsea Black ဆိုပြီး အရောင် ၂မျိုးနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဈေးနှုန်းကို အတိအကျ မသတ်မှတ်ရသေးသလို Xperia XZ Premium ကို သြဂုတ်လနောက်ပိုင်းမှ စတင်ရောင်းချမယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: