
ပေကျင်းမှာရှိတဲ့ Nokia ရဲ့ data center ၇ ခုကို ဖိုက်ဘာကွန်ရက် ချိတ်ဆက်တည်ဆောက်ဖို့ Nokia က Xiaomi နှင့် ပူးပေါင်းလိုက်ကြောင်း သိရှိရပါတယ်။ ဒေတာစင်တာ ၇ခု အချင်းချင်းလျှင်မြန်စွာ ချိတ်ဆက်ဖို့သာမက Private Cloud တည်ဆောက်ရန် အတွက်ပါ ပူးပေါင်းလိုက်ခြင်း ဖြစ်ပြီး Cloud ဝန်ဆောင်မှုပေးရန် စီစဉ်နေကြောင်းသိရပါတယ်။
Nokia အနေနဲ့ တရုတ်နိုင်ငံရဲ့ စမတ်ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် ဗျူဟာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြပါတယ်။ Nokia ဟာ သူ့ရဲ့စမတ်ဖုန်းစီးပွားရေးကို ၂၀၁၄ခုနှစ်မှာ Microsoft သို့ရောင်းချခဲ့ပြီး ၂၀၁၆ ခုနှစ်ကုန်ခါနီးမှာတော့ HMD Global က Nokia ရဲ့ အမည်ကိုယူပြီး စမတ်ဖုန်းဈေးကွက်ကို ဝင်ရောက်လာပါတယ်။ မကြာမှီကာလအတွင်းမှာ Nokia 3310 ဖုန်းကိုလည်း တစ်ကမ္ဘာလုံးသို့ ရောင်းချသွားမယ်လို့ သိရပါတယ်။