
မတ်လ ၁ရက်နေ့မှာ စတင်ရောင်းချမယ့် ၅၀၀ ကျပ်တန် ထီလက်မှတ်အသစ်ဟာ အက္ခရာ ၅၂လုံးနဲ့ ထုတ်လုပ်မှာ ဖြစ်ပြီး အက္ခရာ အလုံး ၃၀ ကို ထီကိုယ်စားလှယ်တွေကို အချိုးချခွဲဝေရောင်းချသွားမှာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ အက္ခရာ ၂၂ လုံးကို အရန်ထီအဖြစ် ထားရှိမယ်လို့ သိရပါတယ်။
အဆိုပါ ၅၀၀ ကျပ်တန် ထီလက်မှတ်မှာ အမြင့်ဆုံး ထီဆုကြေး သိန်း ၁သောင်း ကျပ်၊ သိန်း ၅ထောင် ကျပ်၊ သိန်း ၁၀၀၀ ကျပ်နှင့် အနိမ့်ဆုံး ၅သောင်းကျပ် အထိ ဆုမဲများ ထားရှိသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ၅၀၀ ကျပ်တန် ထီလက်မှတ်တွေကို ဈေးပိုတင်ရောင်းခဲ့ရင် အမည်ပျက်စာရင်းထဲ ထည့်သွင်းမှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။ မတ်လ ၁ရက်နေ့တွင် စတင်ရောင်းချပြီး ဧပြီလ ၁ရက်နေ့တွင် ပထမအကြိမ်အဖြစ် ထီစတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။