
ကယ်လီဖိုးနီးယား ပြည်နယ်မှာ ကျင်းပတဲ့ အော်စကာဆုပေးပွဲမှာ Presenter ရဲ့အမှားကြောင့် အကောင်းဆုံး ဇာတ်ကား ဆုကို မှားယွင်းပြီး ကြေငြာခဲ့ပါတယ်။ အကောင်းဆုံး ဇာတ်ကားဆုကို La La Land လို့ကြေငြာခဲ့ပေမယ့် တစ်ကယ့် အကောင်းဆုံး ဇာတ်ကားဆုကတော့ Moonlight ဇာတ်ကား ဖြစ်ပါတယ်။ La La Land ဇာတ်ကားဟာ အကောင်းဆုံး ဆုဖြစ်ပါတယ်လို့ ကြေငြာချက်အပြီးမှာ La La Land အဖွဲ့သားတွေဟာ အောင်ပွဲခံနေကြပြီး ထိုအချိန်မှာ ကြေငြာချက်ဟာ မှားယွင်းသွားတာ ဖြစ်တယ်လို့ ပြောလိုက်တာကြောင့် တစ်ကယ့်ကို အောင့်သီးအောင့်သက်နိုင်စေမှာ အမှန်ပါဘဲ။
La La Land ဟာ အော်စကာဆု ၇ဆု လို့ ကြေငြာခဲ့ပေမယ့် အကောင်းဆုံဇာတ်ကားဆုက Moonlight ဇတ်ကား ဖြစ်တယ်လို့ ပြန်လည် ကြေငြာလိုက်တာကြောင့် La La Land ဇာတ်ကားအနေနဲ့ အော်စကာဆု ၆ ဆု ပြန်ဖြစ် သွားပါတယ်။ အကြောင်းရင်းကတော့ ဆုကြေငြာတဲ့ စာအိတ်မှားယွင်းသွားတဲ့ အတွက် ကြေငြာမိသွားတာ ဖြစ်ပါတယ်။