Home News Nokia ရဲ့ တစ်ကျော့ပြန် 3310 keypad ဖုန်း

Nokia ရဲ့ တစ်ကျော့ပြန် 3310 keypad ဖုန်း

0
Nokia ရဲ့ တစ်ကျော့ပြန် 3310 keypad ဖုန်း

Touch Screen ဖုန်းတွေကိုင်နေလို့ ငြီးငွေ့နေပြီ၊ အရင်ချိန်ကလိုမျိုး keypad ကိုပြန်လွမ်းနေရင်တော့ Nokia ရဲ့ 3310 keypad ဖုန်းလေးကို သတိရလိုက်ပါ။ Nokia ဟာ တစ်ကျော့ပြန် keypad ဖုန်းလေးကို ပြန်ထုတ်မှာ ဖြစ်ပြီး သင့်ကို classic mode အပြည့်အဝပြန်လည် ခံစားရစေမှာပါ။ အဆိုပါ 3310 feature ဖုန်းကို ၂၀၀၀ ခုနှစ်က ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာ 3310 ကိုအနည်းငယ် မွမ်းမံပြင်ဆင်ထားတဲ့ 3310 အဖြစ် ဈေးကွက်ထဲသို့ ပြန်လည် ဝင်ရောက်အုံးမှာပါ။

ဒါကြောင့် ယခုထွက်ရှိမယ့် 3310 ဖုန်းအသစ်ဟာ SD ကဒ် 32 GB အထိ ထောက်ပံ့နိုင်ပြီး မျက်နှာပြင်ကိုတော့ 2.4-inch QVGA screen အနေနဲ့ မွမ်းမံပေးထားပါတယ်။ ဒါကြောင့် အရောင်စုံ screen အနေနဲ့ ပြသနိုင်တဲ့အပြင် နေရောင်အောက်မှာ သုံးနိုင်မှာပါ။ ဖုန်းကို ဆက်တိုက်ပြောမယ်ဆိုရင် ၂၂ နာရီအကြာ အသုံးပြုနိုင်မှာ ဖြစ်ပြီး ဒီအတိုင်း stand by ထားမယ်ဆိုရင် တစ်လအကြာ ဖွင့်ထားနိုင်မှာဖြစ်ပါတယ်။ 2MP ကင်မရာ တပ်ဆင်ပေးထားပြီး Simple Snap လောက်ရိုက်နိုင်မှာပါ။ ဂိမ်းအနေနဲ့ ငယ်စဉ်ဘဝက ကစားဖူးခဲ့တဲ့ Snake ဂိမ်းကို အရောင်အသွေးစုံလင်စွာနဲ့ အပျင်းပြေ ကစားနိုင်အုံးမှာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀ ကျော်ခန့်သာ ရှိပါမယ်။

အရောင်အသွေးအနေနဲ့ ၄ရောင်ရရှိနိုင်မှာ ဖြစ်ပြီး Warm Red, Yellow, Dark Blue နဲ့ Grey ကာလာတို့ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: