
ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပခဲ့တဲ့ ၈၉ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ La La Land ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ဒမ်မီရန်ချက်ဇယ်လ် ကရရှိသွားတာ ဖြစ်ပါတယ်တယ်။ ဒါ့အပြင် ဒမ်မီရန်ချက်ဇယ်လ် ဟာ အသက် ၃၂ နှစ်ရှိပြီး အော်စကာ ဆုပေးပွဲသမိုင်းတစ်လျှောက်မှာ အသက်အငယ်ဆုံး ဆုရှင်တစ်ဦး အဖြစ်လည်း သမိုင်းဝင်ခဲ့ တာ ဖြစ်ပါတယ်။
La La Land ဇာတ်ကားဟာ အကောင်းဆုံး ဓာတ်ပုံဆု၊ အကောင်းဆုံး နောက်ခံတေးဂီတဆု၊ အကောင်းဆုံး ဇာတ်ဝင်တေးဆု၊ အကောင်းဆုံး ထုတ်လုပ်မှုဒီဇိုင်း နဲ့ အကောင်းဆုံး ဒါရိုက်တာ ဆုအဖြစ် စံချိန်တင်ခဲ့ပြီး ဂီတဇာတ်လမ်း ကိုအခြေခံထားတဲ့ ဇာတ်ကားတစ်ပုဒ် ဖြစ်ပါတယ်။ ဒါ့အပြင် ဆုပေးပွဲသမိုင်းမှာ ဆုအများဆုံးရရှိခဲ့တဲ့ ဇာတ်ကားလဲ ဖြစ်ပါတယ်။