Home News အခွန်ဆောင်ရမည့် သတင်းကြောင့် ရွှေအဝယ်လိုက်နေ

အခွန်ဆောင်ရမည့် သတင်းကြောင့် ရွှေအဝယ်လိုက်နေ

0
အခွန်ဆောင်ရမည့် သတင်းကြောင့် ရွှေအဝယ်လိုက်နေ

မကြာခင်ရောက်တော့မည့် ဘဏ္ဍနှစ်စ ဧပြီလ ၁ ရက်နေ့ကစပြီး ရွှေဝယ်ယူခြင်းအတွက် အခွန် ၁ ရာခိုင်နှုန်းဆောင်ရမည် ဆိုသောကြောင့် ယခုအချိန်တွင် ရွှေအဝယ်များလိုက်နေကြောင်း သိရှိရသည်။ လက်ရှိတွင် ရွှေဈေးများ စံချိန်တင် မြင့်တက်နေသော်လည်း အရောင်းအဝယ်ကောင်းလျက်ရှိသည်ကို တွေ့ရသည်။ ယခုအချိန်တွင် ရွှေတစ်ကျပ်သား ၉ သိန်းကျော်ခန့်ဈေးပေါက်နေသော်လည်း အခွန်ဆောင်ရမည့် သတင်းကြောင့် အဝယ်လိုက်နေခြင်း ဖြစ်သည်။

၂၀၁၇ အခွန်ကောက်ဥပဒေအရ ရွှေနှင့်လက်ဝတ်ရတနာများ အခွန်ပေးဆောင်ရမည် ဟူသော ဥပဒေအပိုဒ်ပါရှိသည့် အတွက် ဝယ်ယူသူများက တိုက်ရိုက်ပေးရမှာ ဖြစ်ပါတယ်။ အခွန်ကောက်ဥပဒေမူကြမ်းရေးဆွဲစဉ် အချိန်က ၃ရာခိုင်နှုန်း အခွန်ဆောင်ရန် ပြဌာန်းခဲ့သော်လည်း ရွှေအရောင်းအဝယ်အေးသွားမည့် အရေးကြုံရနိုင်သည့် အတွက် ၁ ရာခိုင်နှုန်းကို သာပေးဆောင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ရွှေ့အဝယ်ခွန်ကို ပေးဆောင်ရမည်မှာ လူအတော်များများ ကြောက်ကြသော်လည်း ၁ရာခိုင်နှုန်းသာ ဖြစ်တဲ့အတွက် အခွန်ဆောင်ပမာဏနည်းအောင် လုပ်ထားပေးတယ်လို့ မှတ်ချက်ပေးတဲ့သူများလည်း ရှိပါတယ်။ ၁ရာခိုင်နှုန်းဖြစ်တဲ့အတွက် ၁၀သိန်းဖိုးဝယ်မှ မြန်မာငွေ ၁သောင်းကျပ်သာ အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: