
ကိုးရီးယားနိုင်ငံရဲ့ ရုပ်ရှင်၊ သရုပ်ဆောင်၊ အဆိုတော် အပါအဝင် ဆယ်လီအတော်များများကတော့ သာမန်လူလတ်တန်းစား ဘဝကနေ ကြယ်ပွင့်တွေ ဖြစ်လာကြတာများပါတယ်။ ငယ်ဘဝဆင်းရဲပြီး ယခုမှ ချမ်းသာလာတဲ့ ဆယ်လီတွေ အနည်းငယ် ရှိသလို မွေးကထဲက ချမ်းသာကြွယ်ဝတဲ့ မိသားစုက ဆင်းသက်လာတဲ့ ဆယ်လီတွေလဲ ရှိပါတယ်။ ဒီပိုစ့်မှာ ဖော်ပြမယ့် ဆယ်လီ ၁၃ ဦးကို အောင်မြင်လာတဲ့အချိန်မှ ချမ်းသာလာတယ်လို့ ထင်ရင် မှားသွားပါလိမ့်မယ်။ သူတို့တွေဟာ ငယ်စဉ်ဘဝထဲက ချမ်းသာကြွယ်ဝတဲ့ မိသားစုက ဆင်းသက်လာတာ ဖြစ်ပါတယ်။
၁။ PSY
PSY ကိုတော့ Gangnam Style ဗီဒီယိုသီချင်းနဲ့ လူသိများလာဖြစ်ပါတယ်။ PSY ရယ်လို့ နာမည်မကြီးခင်က သီချင်းဆိုခဲ့ပေမယ့် လူသိနည်းပါတယ်။ DJ Corporation ဟာ semiconductor ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပြီး PSY ရဲ့ အဖေ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ DJ Corporation Semiconductor ကုမ္ပဏီမှာ PSY ဟာ CEO ရာထူးနဲ့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပြီး PSY ရဲ့ Gangnam Style ဗီဒီယိုသီချင်းကြောင့် ကုမ္ပဏီရဲ့ တန်ဖိုးဟာ ၈ ဆခန့် မြင့်တက်သွားပါတယ်။ ဒါ့အပြင် PSY ရဲ့ အမေဟာ Petits Seasons စားသောက်ဆိုင်ပိုင်ဆိုင်ပြီး PSY ရဲ့ အမ ကတော့ အစားအသောက်ဆိုင်ရာ ပြင်ဆင်သူ ပါရဂူတစ်ယောက် ဖြစ်ပါတယ်။
၂။ GOT7 အဖွဲ့မှ Mark
Mark ရဲ့ အမည်ပြောင်ကိုတော့ LA doryeonnim လို့ခေါ်ပါတယ်။ Los Angeles မြို့မှာ ရေကူးကန်နဲ့ ပန်းခြံပါဝင်တဲ့ အိမ်ကြီး တစ်လုံး ပိုင်ဆိုင်ပြီး Mark ရဲ့ အဖေကတော့ စီးပွားရေးသမားကြီး တစ်ယောက် ဖြစ်ပါတယ်။
၃။ Eun Ji Won
တောင်ကိုးရီးယားသမ္မတရဲ့ တူ တစ်ယောက်ဖြစ်ပြီး မျိုးရိုးစဉ်ဆက် ချမ်းသာကြွယ်ဝသူဖြစ်ပါတယ်။
၄။ Choi Si Won
Apgujung မြို့မှာ အိမ်ပေါင်းများစွာ ပိုင်ဆိုင်သူ တစ်ယောက်ဖြစ်ပြီး franchise စားသောက်ဆိုင်ပေါင်းများစွာရှိပါတယ်။ Cho ရဲ့ အဖေကတော့ ဂျပန်နိုင်ငံနဲ့ ကုန်သွယ်လုပ်ငန်းလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်ပါတယ်။
၅။ MBLAQ အဖွဲ့မှ Mir
ဂျန်ဆောင် မှာရှိတဲ့ ၁၄၀၀၀ square foot ရှိတဲ့ အိမ်ကြီးမှာ ကြီးပြင်းလာသူဖြစ်ပြီး Mir ရဲ့ အဖေကတော့ တောင်တန်း ၉ လုံးပိုင်ဆိုင်ပါတယ်။ ပိုင်ဆိုင်တဲ့ တောင် ၉ခုအနက် ၃ ခုမှာ ကိုးရီးယားနိုင်ငံရဲ့ အမျိုးသားဥယာဉ် ဖြစ်ပါတယ်။ လယ်ကွင်းတွေ ပိုင်ဆိုင်သလို နွားတွေလည်းကိုလည်း ပိုင်ဆိုင်ပါသေးတယ်။
၆။ Girls Generation အဖွဲ့မှ Sooyoung
Girls’ Generation အဖွဲ့က ဆူယောင်းဟာ Jeonju မြို့မှာ အကောင်းစား အိမ်မှာ နေထိုင်တာ ဖြစ်ပြီး သူမရဲ့ အဘိုးကတော့ ဗိသုကာပညာရှင် ဖြစ်ပါတယ်။ ဆိုးလ်မြို့ရဲ့ အနုပညာအဆောက်အဦးကို ဒီဇိုင်းဆွဲခဲ့တာ ဆူယောင်းရဲ့ အဘိုးဖြစ်ပါတယ်။
၇။ 2PM အဖွဲ့မှ Nichkhun
2PM အဖွဲ့က Nichkhun ဟာ ငယ်စဉ်ထဲက ချမ်းသာကြွယ်ဝတာ ဖြစ်ပြီး ပညာရေးမှာလည်း ထူးချွန်ခဲ့ပါတယ်။ ထိုင်းနဲ့ အင်္ဂလန်မှာရှိတဲ့ ဘုရင့်တက္ကသိုလ်တွေမှာ ပညာဆည်းပူးခဲ့ပါတယ်။
၈။ Lee Seo Jin
လီဆိုဂျင်း ရဲ့ အဘိုးကတော့ ဆိုးလ်ဘဏ် ရဲ့ CEO ဖြစ်ပါတယ်။ လီရဲ့ အဖေကတော့ Ahn Heung ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီလုပ်ငန်း လုပ်နေပြီး လီကို နယူးယောက်မြို့တော်မှာ ရှိတဲ့ စီးပွားရေးတက္ကသိုလ်မှာ အမေရိကန် ဒေါ်လာ ၅၀ မီလီယံ အကုန်အကျခံပြီး ပညာသင်စေခဲ့ပါတယ်။ လီဆိုဂျင်း တို့ရဲ့ မျိုးရိုးကတော့ ငွေကြေးဆိုင်ရာ ပါရဂူတွေ ဖြစ်ခဲ့ကြပေမယ့် လီဆိုဂျင်းကတော့ အနုပညာလောကထဲကို ဝင်ခဲ့ပါတယ်။ လီရဲ့ အဖေကတော့ အနုပညာလမ်းကြောင်းကို ရွေးချယ်ခဲ့တာကို သဘောမကျခဲ့ပါဘူး။
၉။ Yoon Tae Young
Samsung Electronics ရဲ့ Vice President ဖြစ်တဲ့ ယွန်ဂျုံယောင်းရဲ့ တစ်ဦးတည်းသော သား ဖြစ်ပါတယ်။ Samsung ကုမ္ပဏီကိုတော့ လူတိုင်းသိပြီးဖြစ်တဲ့အတွက် အထူးတစ်လည်မပြောလိုတော့ပါဘူး။
၁၀။ Lee Philip
Secret Garden ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Lee Philip ရဲ့ အဖေဟာ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီမှာ နည်းပညာကုမ္ပဏီ တည်ထောင်ထားပြီး အမေရိကန်နိုင်ငံ အစိုးရအဖွဲ့အစည်းနဲ့ တွဲဖက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
၁၁။ Kang Dong Won
ကမ်တုံဝန် ရဲ့ အဖေဟာ SPP သင်္ဘောတည်ဆောက်ရေးရဲ့ ဒုတိယ ဥက္ကဌ ဖြစ်ပြီး အဆိုပါ SPP ကုမ္ပဏီဟာ ကမ္ဘာ့ အကြီးဆုံး သင်္ဘောတည်ဆောက်ရေး လုပ်ငန်း နံပတ် ၁၀ ဖြစ်ပါတယ်။
၁၂။ Lee Ha Nui
Miss Korea ကနေ သရုပ်ဆောင်လိုင်းကို ဝင်လာတဲ့ လီဟနု ရဲ့ မိသားစုအသိုင်းအဝိုင်းကတော့ ကြီးပါတယ်။ သူမရဲ့ အဖေကတော့ ကိုးရီးယားနိုင်ငံရဲ့ ထောက်လှမ်းရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေပြီး သူမရဲ့ ဦးလေးကတော့ အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်ညီလာခံဟောင်း ဒုဥက္ကဌ ဖြစ်ပါတယ်။ လီဟနု ရဲ့ အမေနဲ့ အမ ကတော့ ဗျက်စောင်းတီးခတ်သူ Professional တွေ ဖြစ်ပါတယ်။
၁၃။ ZE;A အဖွဲ့မှPark Hyung Sik
ပက်ရဲ့ အဖေကတော့ BMW Korea ရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး BMW ကားကုမ္ပဏီကိုတော့ လူတိုင်းသိပြီးသား ဖြစ်တဲ့ အတွက် သီးသန့်ကြီး မိတ်ဆက်စရာမလိုတော့ပါဘူး။ ဒါ့အပြင် ပက်ဟာ ငယ်စဉ်ဘဝထဲက မုန့်ဖိုးတွေကို စုဆောင်းခဲ့ပြီး ZE;A အဖွဲ့ကို ဝင်တဲ့အချိန်မှာ သူ့ရဲ့ ဘဏ်အကောင့်ထဲမှာ အမေရိကန်ဒေါ်လာ ၁သောင်း ကျော် ရှိနေပါပြီ။ အဆိုပါ ငွေတွေဟာ ကလေးဘဝထဲက စုဆောင်းခဲ့တဲ့ မုန့်ဖိုးတွေသာ ဖြစ်ပါတယ်။
အထက်ပါ ဆယ်လီ ၁၃ ဦးတို့ဟာ ငွေကြေးချမ်းသာတဲ့ မိသားစုက ဆင်းသက်လာတယ်ဆိုပေမယ့် ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အပြင်းအထန်ကြိုးစားနေကြရတာ ဖြစ်ပါတယ်။ ပိုက်ဆံရှိတိုင်း ထင်တိုင်းမကျဲသလို လူငယ်တွေအတွက် စံနမူနာထားရမယ့် သူတွေလဲ ဖြစ်ပါတယ်။