
အီး စီးကရက်တွေက ဆေးလိပ်အစားထိုးဆိုပေမယ့် အရည်အသွေးနိမ့်တဲ့ ပစ္စည်းမျိုး ဝယ်မိရင် ပြဿနာတွေ ယူဆောင်လာပါ တော့တယ်။ အရည်အသွေးနိမ့်တဲ့ အီး စီးကရက်တွေဟာ ကျန်းမာရေးပြဿနာကို ဖြစ်စေရုံသာမက မီးလောင်ပေါက်ကွဲမှုကိုလည်း ဖြစ်စေပါတယ်။ အင်္ဂလန်နိုင်ငံ အိုးဘာရီ မြို့မှာ အီးစီးကရက် ပေါက်ကွဲမှုကြောင့် အိပ်ခန်းတစ်ခန်း မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ချိန်မှာ လူမရှိတဲ့အတွက် ဘယ်သူမှ ထိခိုက်ဒဏ်ရာမှ မရခဲ့ပါဘူး။ ဒါပေမယ့် အိပ်ခန်းအပါအဝင် အိမ်အတွင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးငြိမ်းသတ်ရန် အတွက် မီးသတ်သမား ၈ ယောက် စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။ အီး စီးကရက်အတွင်းက လစ်သီရမ် ဘတ္ထရီရဲ့ ချို့ယွင်းချက်ကြောင့် ပေါက်ကွဲမှု ဖြစ်ခဲ့တာ ဖြစ်ပြီး အလားတူဖြစ်ရပ်မျိုးကို ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း ပေါက်ကွဲမှုကြောင့် မျက်နှာထိခိုက်သွားခဲ့သူ လည်း ရှိပါသေးတယ်။ လက်ရှိမှာတော့ အဆိုပါ အီး စီးကရက် ပိုင်ရှင်ဖြစ်သူ ကို အရေးယူမယ်လို့ သိရပါတယ်။ ဒါကြောင့် အီး စီးကရက်တွေဟာ စိတ်ချရမှု မရှိရတဲ့အပြင် လက်ရှိဈေးကွက်ထဲမှာ အရည်အသွေးနိမ့်တဲ့ အီး စီးကရက်ပေါင်းများစွာရှိနေတယ်လို့ သိရပါတယ်။