Home News ဘဲထီးကောင်ပေါက် ထောင်ပေါင်းများစွာကို နေ့စဉ်သတ်နေရတဲ့ တရုတ်နိုင်ငံရှိ တုန်းကျောင် ရွာ

ဘဲထီးကောင်ပေါက် ထောင်ပေါင်းများစွာကို နေ့စဉ်သတ်နေရတဲ့ တရုတ်နိုင်ငံရှိ တုန်းကျောင် ရွာ

0
ဘဲထီးကောင်ပေါက် ထောင်ပေါင်းများစွာကို နေ့စဉ်သတ်နေရတဲ့ တရုတ်နိုင်ငံရှိ တုန်းကျောင် ရွာ

တရုတ်နိုင်ငံ စီးဖူမြို့ တုန်းကျောင် ရွာမှာ ဘဲထီးကောင်ပေါင်းများစွာကို နေ့စဉ်သတ်နေရပါတယ်။ နိုင်ငံတစ်ကာမှာတော့ တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်တဲ့ ဥပဒေနဲ့ ငြိစွန်းပေမယ့် တရုတ်ပြည်မှာကတော့ ဒါဟာ ပုံမှန်ပါဘဲ။ ဘဲထီးပေါက်များစွာကို သတ်နေရတဲ့ အကြောင်းရင်းက ထိန်းသိမ်းစရိတ်မြင့်မားလို့ ဖြစ်ပါတယ်။ ပေါက်ဖွားလာတဲ့ ဘဲထီးလေးတွေဟာ ၄ ရက်ခန့်မျှသာ အသက်ရှင်နိုင်မည် ဖြစ်ပြီး ၄ ရက်ကျော်ရင်တော့ အသက်ခံရမှာ ဖြစ်ပါတယ်။ အဆိုပါ ဘဲထီးပေါက်လေးတွေကို စကာထဲ ထည့်တာ ပွက်ပွက်ဆူနေသော ရေထဲသို့ အရှင်လတ်လတ်ထည့်ပြုတ်ပစ် လိုက်တာ ဖြစ်ပါတယ်။ ဒါမှသာလျှင် အမွှေးချွတ်ရလွယ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

duck

ပြုတ်ထားတဲ့ ဘဲထီးပေါက်အသေတွေကိုတော့ မြွေစာကျွေးဖို့ ပြန်ရောင်းကြသလို အချို့ကတော့ ဟင်းချက်ရာမှာ အသုံးပြုတဲ့ အသားမှုန့်လုပ်ဖို့အတွက် ပြန်လည်အသုံးချကြပါတယ်။ ဈေးကွက်ထဲမှာ တွေ့နေရတဲ့ ဘဲကင်ပေါက်စ တွေဟာလည်း အားလုံး အထီးဘဲ ဖြစ်တယ်လို့ သိရပါတယ်။ ဘဲ အမများသော ဝယ်သူရှိပြီး အထီးတွေကို ဝယ်မယ့်သူမရှိတာကြောင့် အခုလို ရှင်းထုတ်ပစ်ရတာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် တရုတ်ပြည်တွင်းမှာ ထုတ်တဲ့ အသားမုန့်လုံးတွေမှာလည်း ဘဲသားပါဝင်သလို အဆိုပါ မုန့်တွေဟာ အိမ်နီးနားချင်း နိုင်ငံများသို့လည်း တင်ပို့ ရောင်းချနေကြောင်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: