
တောင်ကိုးရီးယား ရုပ်ရှင် သရုပ်ဆောင် ပက်ဂျီဘင် သည် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် စစ်မှုထမ်းကာလ ပြည့်၍ ရုပ်ရှင် သရုပ်ဆောင် လောကထဲသို့ ပြန်လာမည်ဖြစ်ကြောင်း သူ့ရဲ့ Instagram account မှာ ဖော်ပြခဲ့ပါတယ်။ ပက်ဂျီဘင် သည် ကလေးသရုပ်ဆောင်ဘဝမှ တက်လာခြင်း ဖြစ်ပြီး ယခုအချိန်တွင် အသက် ၂၁ နှစ် ရှိပြီ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် မေလ မှာ စတင် စစ်မှုထမ်းခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် စစ်မှုထမ်းရန် တာဝန်ပြီးဆုံးခြင်း ဖြစ်ပါတယ်။ နောက်ထပ် update များကိုတော့ သရုပ်ဆောင် ပက်ဂျီဘင် ရဲ့ Instagram အကောင့်မှာ follow လုပ်ပြီး ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ အောက်ပါပုံတွေကတော့ ပက်ဂျီဘင်ရဲ့ ပုံအချို့ဖြစ်ပါတယ်။