Home News ကမ္ဘာ့အမြန်ဆုံး SD ကဒ်ကို Sony မှ ထုတ်လုပ်

ကမ္ဘာ့အမြန်ဆုံး SD ကဒ်ကို Sony မှ ထုတ်လုပ်

0
ကမ္ဘာ့အမြန်ဆုံး SD ကဒ်ကို Sony မှ ထုတ်လုပ်

Sony ဟာ မယုံဖွယ်နိုင်လောက်တဲ့ စွမ်းဆောင်ရည်မျိုးရှိတဲ့ SD ကဒ်ကို ထုတ်လုပ်ခဲ့ပြီး အဆိုပါ SD ကဒ်မှာ ကမ္ဘာ့ အမြန်ဆုံး SD ကဒ် ဖြစ်ပါတယ်။ Write Speed 300MB/s ရှိပြီး Read Speed က 299MB/s ရှိပါတယ်။ ဒါကြောင့် ဓာတ်ပုံတွေရိုက်တဲ့အခါ ဗီဒီယိုတွေ ရိုက်တဲ့အခါ အနှောင့်အယှက်မရှိ လျှင်မြန်စွာရိုက်ကူးနိုင်မှာပါ။ 4k video shooting အတွက် အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ ဗီဒီယိုကင်မရာတွေမှာ 4K ရိုက်ကူးနိုင်ပေမယ့် SD က သာမန်အမြန် နှုန်းလောက်ဘဲ ရှိတယ်ဆိုရင် အချက်အလက်ကူးပြောင်းမှု က မသိသာပါဘူး။ သင့် ဗီဒီယို ကင်မရာက 4K လည်း ရိုက်နိုင်မယ် Sony ရဲ့ SD ကဒ်ကိုလည်း အသုံးပြုထားမယ်ဆိုရင် အမြန်နှုန်းကတော့ အလန်းစား ဖြစ်နေမှာပါ။

အဆိုပါ ကမ္ဘာ့အမြန်ဆုံး SD ကဒ်ကို Sony မှ 128GB, 64GB နဲ့ 32GB ဆိုပြီး သုံးမျိုး ထုတ်လုပ်တာ ဖြစ်ပြီး SD ကဒ် စီးရီးအမည်ကတော့ SF-G ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: