Home News မေလမှာ ထွက်ရှိမယ့် Xiaomi Mi Max 2

မေလမှာ ထွက်ရှိမယ့် Xiaomi Mi Max 2

0
မေလမှာ ထွက်ရှိမယ့် Xiaomi Mi Max 2

Xiaomi Mi Max 2 ကို မေလမှာ မိတ်ဆက်ပြသသွားဖို့စီစဉ်ထားကြောင်း သိရပါတယ်။ ပေါက်ကြားထားတဲ့ သတင်းများ အရ Mi Max 2 ရဲ့ CPU ကို Snapdragon 660 နဲ့တပ်ဆင်သွားမှာ ဖြစ်ပြီး မကြာမှီထွက်မယ့် Redmi Pro2 မှာ ပါမယ့် CPU အမျိုးအစားနဲ့ တူတူဘဲ ဖြစ်ပါတယ်။ Mi Max 2 ရဲ့ RAM ကိုတော့ 6GB နဲ့လာမှာ ဖြစ်တဲ့အတွက် ဂိမ်းကစားမယ့်သူများ အတွက် အားရစရာပါဘဲ။

မျက်နှာပြင်ကို ၆.၄ လက်မ အကျယ်ရှိပြီး RAM 6GB , Storage ကို 128GB ဖြစ်တဲ့အတွက် ရုပ်ရှင်ဗီဒီယို၊ သီချင်းနဲ့ ကိုယ့်ရဲ့ အချက်အလက်ပေါင်း များစွာကို သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ ဘတ်ထရီပမာဏကိုတော့ 5000 mAh အနေနဲ့ ထည့်သွင်းပေးထားပြီး Fast Charging Feature ပါတဲ့အတွက် အချိန်တိုအတွင်း အားသွင်းမြန်မယ့် စနစ်ပါရှိ ပါတယ်။ ယခင်ထွက်ရှိခဲ့တဲ့ Mi Max ကို Upgrade လုပ်ထားတဲ့ Mi Max 2 ဟာ Gaming Experience နဲ့ Storage ပမာဏကို မြင့်တင်ထားတာကို တွေ့ရမှာပါ။ ဒါပေမယ့် Mi Max 2 ကို လက်တွေ့မှာ Xiaomi အနေနဲ့ ဘယ်လို feature အသစ်တွေထပ်ထည့်မလဲဆိုတာကိုတော့ သတင်းတွေ ထပ်မံထုတ်ပြန်အုံးမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: