Home News တစ်ပတ်အတွင်း ဧရာဝတီမြစ်ရေ မြစ်ဝကျွန်းပေါ်သို့ရောက်မည်

တစ်ပတ်အတွင်း ဧရာဝတီမြစ်ရေ မြစ်ဝကျွန်းပေါ်သို့ရောက်မည်

0
တစ်ပတ်အတွင်း ဧရာဝတီမြစ်ရေ မြစ်ဝကျွန်းပေါ်သို့ရောက်မည်

အနောက်လေပွေလှိုင်းများကြောင့် မြန်မာနိုင်ငံမြောက်ဘက်ခြမ်းတွင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာကြောင်း သိရှိရသည်။ အဆိုပါ ဧရာဝတီမြစ်ရေ သည် တစ်ပတ်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ တို့ မြင့်တက် တက်ရောက်လာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးမှ ပြောလိုက်သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် မြစ်ကြီးနားမြို့ ၌ ဧရာဝတီမြစ်ရေ ၉ပေအထိ မြင့်တက်လာပြီး နောက်ထပ် ၁၃ ရက်အတွင်း မြစ်ကြောင်းတွေ မြစ်ရေမြင့်တက်လာမှုနှင့်အတူ မြစ်ဝကျွန်းပေါ်ဒေသသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ဦးကျော်မိုးဦးမှ ပြောခဲ့သည်။ မြစ်ရေတက်လာမှုကြောင့် မြစ်ကြောင်းများပြောင်းလဲနိုင်သလို ဧရာဝတီမြစ်ကြောင်း အတွင်း ပြေးဆွဲနေသည့် ရေယာဉ်များ၊ လှေ၊သင်္ဘောများ ဂရုစိုက်ထားသင့်ကြောင်း ပြောကြားခဲ့သည်။ ဒါ့အပြင် မြစ်ဝကျွန်းပေါ်ဒေသ ရှိ သောင်ပြင်များအပေါ်တွင် အပင်စိုက်သောသူများအနေနှင့်လည်း မြစ်ရေတက်မှုကို ဂရုစိုက်သင့်ကြောင်း ပြောခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: