Home How To အင္တာနက္ကေန ဝင္ေငြရွာမယ္

အင္တာနက္ကေန ဝင္ေငြရွာမယ္

0
အင္တာနက္ကေန ဝင္ေငြရွာမယ္

အင္တာနက္ကေန ဝင္ေငြရွာမယ္ဆိုတာ အေျပာလြယ္သေလာက္ အလုပ္မလြယ္ပါဘူး။ မလြယ္ဘူးဆိုေပမယ့္ အရမ္းႀကီး ခက္ခဲေနသလားဆိုေတာ့လည္း မခက္ခဲပါဘူး။ အဲ့ဒါဆို ဘယ္ကေန ဘယ္လိုစမွာလဲ။ အိုေက.. ဝမ္း တူး သရီး စလိုက္ရေအာင္။

၁။ ဝါသနာပါတာကို လုပ္ပါ။

ပိုက္ဆံအေၾကာင္းအရင္မေျပာခင္ အရင္ဆုံး ကိုယ္ဘယ္အရာကို ဝါသနာပါလဲဆိုတာ သိဖို႔အေရးႀကီးပါတယ္။ ကိုယ္ လုပ္ခ်င္တာ၊ ျဖစ္ခ်င္တာ၊ ဝါသနာပါတာကို ကိုယ့္ကိုကိုယ္ အရင္သိေအာင္ ႀကိဳးစားပါ။ ဝါသနာဟာ အလုပ္တစ္ခု ျဖစ္ထြန္းဖို႔ အတြက္ ကုန္ၾကမ္းပါဘဲ။ စာေရးတာ ဝါသနာပါတာလား၊ သီခ်င္းဆို ဂီတပိုင္း ဝါသနာလား၊ ေဈးေရာင္းရတာ ဝါသနာပါလား စသျဖင့္ အေၾကာင္းအရာအမ်ိဳးမ်ိဳးရွိပါတယ္။ ကိုယ္ လုပ္ခ်င္တာသာ လုပ္ပါေလ။ ျဖစ္ေျမာက္ဖို႔ေတာ့ လိုတာေပါ့။

၂။ လူမႈကြန္ရက္ကို ေကာင္းစြာအသုံးခ်တတ္ပါေစ။

ဒီဘက္ေခတ္ႀကီးမွာ ဖြဘုတ္မွာ ဆယ္လီျဖစ္ဖို႔က အရမ္းလြယ္ပါတယ္။ သိခ်င္ရင္ ဆန္းသစ္ျမန္မာရဲ႕ ဖြဘုတ္မွာ ဆယ္လီအျမန္ျဖစ္နည္းဆိုတဲ့ ပိုစ့္ကို ဖတ္ပါေလ။ ေမးစရာေတာ့ရွိတာေပါ့ လူမႈကြန္ရက္ ဆိုတာ ဘယ္လိုဟာမ်ိဳးလဲလို႔။ ျမန္မာျပည္မွာဆိုရင္ေတာ့ ထင္ထင္ရွားရွား ျပစရာ Facebook တစ္ခုဘဲရွိပါတယ္။ Linkedin, Twitter နဲ႔ Google + တို႔က လူတိုင္းမသုံးတဲ့အတြက္ သိပ္မၫြန္းလိုပါဘူး။ ပညာရွင္ပိုင္းသြားမယ္ဆိုရင္ေတာ့ Linkedin ကိုပါ လက္မလႊတ္သင့္ပါဘူး။ ခပ္ျမန္ျမန္နဲ႔ ထိေရာက္မႈအရွိဆုံးကေတာ့ Facebook ျဖစ္ပါတယ္။

၃။ အြန္လိုင္းေရွာ့ပ္

လက္ရွိမွာေတာ့ ျမန္မာျပည္အေနအထားနဲ႔ Facebook လိုမ်ိဳးမွာ အြန္လိုင္းကေန ပစၥည္းေရာင္းဝယ္လုပ္ေနတာ မ်ားျပားလာပါတယ္။ ကိုယ္က ဖြဘုတ္မွာ ဆယ္လီျဖစ္ေနတယ္ဆိုရင္ေတာ့ အတိုင္းအထက္အလြန္ေပါ့။ မျဖစ္လဲ ရပါတယ္။ Facebook Page ကေန လုပ္ႏိုင္ပါတယ္။ အြန္လိုင္းေရွာ့ပ္ လုပ္မယ္ဆို ပစၥည္းဘယ္ကေနယူမလဲ၊ ဘယ္လိုေရာင္းမလဲ၊ လူစိတ္ဝင္စားေအာင္ ဘယ္လိုေရးမလဲ စသျဖင့္ အေရာင္းပညာနဲ႔ပတ္သတ္တဲ့ ကြၽမ္းက်င္မႈမ်ိဳး လိုပါတယ္။ သူမ်ား လုပ္တိုင္း ျဖစ္မယ္လို႔ ယူဆၿပီး မလုပ္ပါနဲ႔။ ပိတ္လိုက္ရတဲ့ သူေတြလည္း အမ်ားႀကီးပါ။

၄။ ကိုယ္ပိုင္ ဘေလာ့ဂ္ေရးမယ္

ႏိုင္ငံျခားမွာဆိုရင္ေတာ့ ဘေလာဂ့္ေရးတဲ့ သူေတြဟာ ေၾကျငာေတြကေန အက်ိဳးအျမတ္ျပန္ရရွိေနလို႔ ေကာင္းေကာင္း အခ်ိန္ေပးလုပ္ႏိုင္ပါတယ္။ လက္ရွိမွာ ျမန္မာျပည္မွာကေတာ့ အြန္လိုင္းေၾကျငာလုပ္ငန္းေတြ လက္ခ်ိဳးေရလို႔ရပါေသးတယ္။ ဒါေပမယ့္ အိုင္ဒီယာေကာင္းရင္ေကာင္းသလို ေငြရွာလို႔ရပါတယ္။ ကိုယ့္ ဘေလာဂ့္ေလးမွာ ေၾကျငာေတြလက္ခံလို႔ရသလို Facebook ရဲ႕ Audience Network ကေနလဲ ဝင္ေငြရွာလို႔ရပါတယ္။  အခ်ိဳ႕က်ေတာ့လည္း ႐ုပ္ရွင္စာတမ္းထိုးေတြ လုပ္ၿပီး adf.ly လင့္ခံၿပီး ဝင္ေငြရွာေနၾကပါတယ္။ အေသးစိတ္ကိုေတာ့ အခ်ိန္ရရင္ ေရးေပးပါ့မယ္။

၅။ ေဆာင္းပါးေတြေရးမယ္။

နံပတ္ ၄ အခ်က္ျဖစ္တဲ့ ကိုယ္ပိုင္ ဘေလာ့ဂ္ နဲ႔ ဆင္သလိုရွိေပမယ့္ မတူပါဘူး။ ဆိုလိုခ်င္တာက ကိုယ္ပိုင္ ဘေလာ့ဂ္ မလုပ္ႏိုင္ေသးရင္ သူမ်ား ဝက္ဘ္ဆိုဒ္မွာ စာဝင္ေရးလို႔ရပါတယ္။ အဲ့ဒီအတြက္လည္း ေငြေၾကးရရွိမွာ ျဖစ္ပါတယ္။

၆။ Social Media Marketing လုပ္မယ္။

ဒီအခ်က္ကေတာ့ သင့္မွာ ကြၽမ္းက်င္မႈ ေတြ လိုအပ္ပါတယ္။ Social Media Marketing အပိုင္းကို ေကာင္းမြန္စြာ နားလည္ရမယ့္ အျပင္ သင့္အေနနဲ႔ ဝင္ေငြေကာင္းေကာင္းရွာႏိုင္ပါတယ္။ Facebook Page Admin လုပ္႐ုံနဲ႔ social media marketing ကို ပိုင္ၿပီ မထင္ပါနဲ႔။ သင္ မသိေသးတာေတြ အမ်ားႀကီးရွိပါတယ္။

၇။ အင္တာနက္ကေန ေခၚတဲ့ အလြတ္တမ္းအလုပ္ေတြ ေလွ်ာက္မယ္။

သင့္အေနနဲ႔ အခ်ိန္လည္း ပိုေနတယ္။ အလုပ္လဲလုပ္ခ်င္တယ္။ အပိုဝင္ေငြေလးလည္း ရွာခ်င္တယ္ဆိုရင္ အလြတ္တမ္း အလုပ္ ( Freelance) ေတြက သင့္ေလ်ာ္ပါတယ္။ ျမန္မာျပည္မွာေတာ့ အလြတ္တမ္း အလုပ္ေတြ ရွာေဖြဖို႔အတြက္ ခ်ိတ္ဆက္ (ChateSat) လို႔အမည္ရတဲ့ ဝန္ေဆာင္မႈဝက္ဘ္ဆိုဒ္ရွိပါတယ္။ အဆိုပါ ဝက္ဘ္ဆိုဒ္မွာ အလုပ္ေတြ ရွာေဖြႏိုင္ပါတယ္။ လက္ရွိမွာေတာ့ ဆန္းသစ္ျမန္မာအေနနဲ႔ recommend ေပးခ်င္ဆုံး ဝက္ဘ္ဆိုဒ္ကေတာ့ ChateSat.com ဘဲ ျဖစ္ပါတယ္။ သင့္ကို သေဘာက်ေစမယ့္ အလြတ္တမ္းအလုပ္ ( Freelance Project/Work) ေတြ ရွိပါတယ္။

တစ္ကယ္ေတာ့ အင္တာနက္ကေန ဝင္ေငြဘယ္လိုရွာမလဲဆိုတာ ေျပာရရင္ ကုန္မွာမဟုတ္ပါဘူး။ တစ္ခုဆို တစ္ခု ေသေသခ်ာခ်ာ အာ႐ုံစိုက္လုပ္ႏိုင္မွာ ေအာင္ျမင္မႈရမွာ ျဖစ္ပါတယ္။ ခုေျပာထားတဲ့ အခ်က္ ၇ ခ်က္ေတြ အျပင္ အျခားေသာ အရာေတြလည္း ရွိပါေသးတယ္။ ဒါေပမယ့္ လက္ရွိမွာ ျမန္မာျပည္အေနအထားအရ အင္တာနက္ကေန အပိုဝင္ေငြရွာတဲ့နည္းလမ္းေလးေတြကို အတိုခ်ဳံ႔ေျပာလိုက္ျခင္းသာ ျဖစ္ပါတယ္။ အားလုံးဘဲ ေစာ္ၾကည္ ဘဲၾကည္ ထီေပါက္ အလုပ္ေတြ အဆင္ေျပၾကပါေစဗ်ာ။

Unicode : အင်တာနက်ကနေ ဝင်ငွေရှာမယ်

အင်တာနက်ကနေ ဝင်ငွေရှာမယ်ဆိုတာ အပြောလွယ်သလောက် အလုပ်မလွယ်ပါဘူး။ မလွယ်ဘူးဆိုပေမယ့် အရမ်းကြီး ခက်ခဲနေသလားဆိုတော့လည်း မခက်ခဲပါဘူး။ အဲ့ဒါဆို ဘယ်ကနေ ဘယ်လိုစမှာလဲ။ အိုကေ.. ဝမ်း တူး သရီး စလိုက်ရအောင်။

၁။ ဝါသနာပါတာကို လုပ်ပါ။

ပိုက်ဆံအကြောင်းအရင်မပြောခင် အရင်ဆုံး ကိုယ်ဘယ်အရာကို ဝါသနာပါလဲဆိုတာ သိဖို့အရေးကြီးပါတယ်။ ကိုယ် လုပ်ချင်တာ၊ ဖြစ်ချင်တာ၊ ဝါသနာပါတာကို ကိုယ့်ကိုကိုယ် အရင်သိအောင် ကြိုးစားပါ။ ဝါသနာဟာ အလုပ်တစ်ခု ဖြစ်ထွန်းဖို့ အတွက် ကုန်ကြမ်းပါဘဲ။ စာရေးတာ ဝါသနာပါတာလား၊ သီချင်းဆို ဂီတပိုင်း ဝါသနာလား၊ ဈေးရောင်းရတာ ဝါသနာပါလား စသဖြင့် အကြောင်းအရာအမျိုးမျိုးရှိပါတယ်။ ကိုယ် လုပ်ချင်တာသာ လုပ်ပါလေ။ ဖြစ်မြောက်ဖို့တော့ လိုတာပေါ့။

၂။ လူမှုကွန်ရက်ကို ကောင်းစွာအသုံးချတတ်ပါစေ။

ဒီဘက်ခေတ်ကြီးမှာ ဖွဘုတ်မှာ ဆယ်လီဖြစ်ဖို့က အရမ်းလွယ်ပါတယ်။ သိချင်ရင် ဆန်းသစ်မြန်မာရဲ့ ဖွဘုတ်မှာ ဆယ်လီအမြန်ဖြစ်နည်းဆိုတဲ့ ပိုစ့်ကို ဖတ်ပါလေ။ မေးစရာတော့ရှိတာပေါ့ လူမှုကွန်ရက် ဆိုတာ ဘယ်လိုဟာမျိုးလဲလို့။ မြန်မာပြည်မှာဆိုရင်တော့ ထင်ထင်ရှားရှား ပြစရာ Facebook တစ်ခုဘဲရှိပါတယ်။ Linkedin, Twitter နဲ့ Google + တို့က လူတိုင်းမသုံးတဲ့အတွက် သိပ်မညွန်းလိုပါဘူး။ ပညာရှင်ပိုင်းသွားမယ်ဆိုရင်တော့ Linkedin ကိုပါ လက်မလွှတ်သင့်ပါဘူး။ ခပ်မြန်မြန်နဲ့ ထိရောက်မှုအရှိဆုံးကတော့ Facebook ဖြစ်ပါတယ်။

၃။ အွန်လိုင်းရှော့ပ်

လက်ရှိမှာတော့ မြန်မာပြည်အနေအထားနဲ့ Facebook လိုမျိုးမှာ အွန်လိုင်းကနေ ပစ္စည်းရောင်းဝယ်လုပ်နေတာ များပြားလာပါတယ်။ ကိုယ်က ဖွဘုတ်မှာ ဆယ်လီဖြစ်နေတယ်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။ မဖြစ်လဲ ရပါတယ်။ Facebook Page ကနေ လုပ်နိုင်ပါတယ်။ အွန်လိုင်းရှော့ပ် လုပ်မယ်ဆို ပစ္စည်းဘယ်ကနေယူမလဲ၊ ဘယ်လိုရောင်းမလဲ၊ လူစိတ်ဝင်စားအောင် ဘယ်လိုရေးမလဲ စသဖြင့် အရောင်းပညာနဲ့ပတ်သတ်တဲ့ ကျွမ်းကျင်မှုမျိုး လိုပါတယ်။ သူများ လုပ်တိုင်း ဖြစ်မယ်လို့ ယူဆပြီး မလုပ်ပါနဲ့။ ပိတ်လိုက်ရတဲ့ သူတွေလည်း အများကြီးပါ။

၄။ ကိုယ်ပိုင် ဘလော့ဂ်ရေးမယ်

နိုင်ငံခြားမှာဆိုရင်တော့ ဘလောဂ့်ရေးတဲ့ သူတွေဟာ ကြေငြာတွေကနေ အကျိုးအမြတ်ပြန်ရရှိနေလို့ ကောင်းကောင်း အချိန်ပေးလုပ်နိုင်ပါတယ်။ လက်ရှိမှာ မြန်မာပြည်မှာကတော့ အွန်လိုင်းကြေငြာလုပ်ငန်းတွေ လက်ချိုးရေလို့ရပါသေးတယ်။ ဒါပေမယ့် အိုင်ဒီယာကောင်းရင်ကောင်းသလို ငွေရှာလို့ရပါတယ်။ ကိုယ့် ဘလောဂ့်လေးမှာ ကြေငြာတွေလက်ခံလို့ရသလို Facebook ရဲ့ Audience Network ကနေလဲ ဝင်ငွေရှာလို့ရပါတယ်။  အချို့ကျတော့လည်း ရုပ်ရှင်စာတမ်းထိုးတွေ လုပ်ပြီး adf.ly လင့်ခံပြီး ဝင်ငွေရှာနေကြပါတယ်။ အသေးစိတ်ကိုတော့ အချိန်ရရင် ရေးပေးပါ့မယ်။

၅။ ဆောင်းပါးတွေရေးမယ်။

နံပတ် ၄ အချက်ဖြစ်တဲ့ ကိုယ်ပိုင် ဘလော့ဂ် နဲ့ ဆင်သလိုရှိပေမယ့် မတူပါဘူး။ ဆိုလိုချင်တာက ကိုယ်ပိုင် ဘလော့ဂ် မလုပ်နိုင်သေးရင် သူများ ဝက်ဘ်ဆိုဒ်မှာ စာဝင်ရေးလို့ရပါတယ်။ အဲ့ဒီအတွက်လည်း ငွေကြေးရရှိမှာ ဖြစ်ပါတယ်။

၆။ Social Media Marketing လုပ်မယ်။

ဒီအချက်ကတော့ သင့်မှာ ကျွမ်းကျင်မှု တွေ လိုအပ်ပါတယ်။ Social Media Marketing အပိုင်းကို ကောင်းမွန်စွာ နားလည်ရမယ့် အပြင် သင့်အနေနဲ့ ဝင်ငွေကောင်းကောင်းရှာနိုင်ပါတယ်။ Facebook Page Admin လုပ်ရုံနဲ့ social media marketing ကို ပိုင်ပြီ မထင်ပါနဲ့။ သင် မသိသေးတာတွေ အများကြီးရှိပါတယ်။

၇။ အင်တာနက်ကနေ ခေါ်တဲ့ အလွတ်တမ်းအလုပ်တွေ လျှောက်မယ်။

သင့်အနေနဲ့ အချိန်လည်း ပိုနေတယ်။ အလုပ်လဲလုပ်ချင်တယ်။ အပိုဝင်ငွေလေးလည်း ရှာချင်တယ်ဆိုရင် အလွတ်တမ်း အလုပ် ( Freelance) တွေက သင့်လျော်ပါတယ်။ မြန်မာပြည်မှာတော့ အလွတ်တမ်း အလုပ်တွေ ရှာဖွေဖို့အတွက် ချိတ်ဆက် (ChateSat) လို့အမည်ရတဲ့ ဝန်ဆောင်မှုဝက်ဘ်ဆိုဒ်ရှိပါတယ်။ အဆိုပါ ဝက်ဘ်ဆိုဒ်မှာ အလုပ်တွေ ရှာဖွေနိုင်ပါတယ်။ လက်ရှိမှာတော့ ဆန်းသစ်မြန်မာအနေနဲ့ recommend ပေးချင်ဆုံး ဝက်ဘ်ဆိုဒ်ကတော့ ChateSat.com ဘဲ ဖြစ်ပါတယ်။ သင့်ကို သဘောကျစေမယ့် အလွတ်တမ်းအလုပ် ( Freelance Project/Work) တွေ ရှိပါတယ်။

တစ်ကယ်တော့ အင်တာနက်ကနေ ဝင်ငွေဘယ်လိုရှာမလဲဆိုတာ ပြောရရင် ကုန်မှာမဟုတ်ပါဘူး။ တစ်ခုဆို တစ်ခု သေသေချာချာ အာရုံစိုက်လုပ်နိုင်မှာ အောင်မြင်မှုရမှာ ဖြစ်ပါတယ်။ ခုပြောထားတဲ့ အချက် ၇ ချက်တွေ အပြင် အခြားသော အရာတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် လက်ရှိမှာ မြန်မာပြည်အနေအထားအရ အင်တာနက်ကနေ အပိုဝင်ငွေရှာတဲ့နည်းလမ်းလေးတွေကို အတိုချုံ့ပြောလိုက်ခြင်းသာ ဖြစ်ပါတယ်။ အားလုံးဘဲ စော်ကြည် ဘဲကြည် ထီပေါက် အလုပ်တွေ အဆင်ပြေကြပါစေဗျာ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: