
ပေါက်ကြားထားတဲ့ သတင်းများအရ Samsung Galaxy S8 Plus ကို မျက်နှာပြင် ၆.၂ လက်မ နဲ့ ထွက်ရှိမယ်လို့ သိရပါတယ်။ ထူးခြားချက်အနေနဲ့ 12-megapixel dual rear ကင်မရာ ဖြစ်သွားပြီး RAM 4GB ဖြစ်သွားမှာပါ။ Selfie ကင်မရာကိုတော့ 8MP ရှိပြီး ရေစိမ်ခံနိုင်မှာ ဖြစ်ပါတယ်။ Sensor အနေနဲ့ Eye Sensor အဖြစ် ထောက်ပံ့ထားတာ ဖြစ်တဲ့အတွက်ကြောင့် အတော်လေး နည်းပညာအဆင့်မြင့်တဲ့ ဖုန်းလို့ သတ်မှတ်လို့ရပါတယ်။
ဒါ့အပြင် ဖုန်းကို ကြိုးမဲ့နည်းပညာနဲ့ အားသွင်းနိုင်မှာ ဖြစ်ပြီး SD ကဒ်ကို 64 GB အထိ ထည့်သွင်းနိုင်ပါတယ်။ အဆိုပါ Samsung Galaxy S8 Plus ကို ဧပြီ ၂၁ ရက်မှာ မိတ်ဆက်ကြေငြာသွားမယ်လို့ သိရပါတယ်။