Home News Samsung Galaxy Note 7 ပြန်လာမည်

Samsung Galaxy Note 7 ပြန်လာမည်

0
Samsung Galaxy Note 7 ပြန်လာမည်

Samsung ဟာ Galaxy Note 7 ကို ရက်နားလိုက်ရပေမယ့် ယခုအချိန်မှာတော့ Note 7 ကို ပြန်လည်ရောင်းချတော့မှာ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။ Galaxy Note 7 ဖုန်း ပေါက်ကွဲမှုကြောင့် Samsung ဟာ အရှုံးတွေနဲ့ရင်ဆိုင်ရသလို ပေါက်ကွဲမှုပြဿနာရဲ့ မူလအရင်းအမြစ်ကိုလည်း သိဖို့ အချိန်တော်တော်ကြာ သွားပါတယ်။ ယခုအချိန်မှာတော့ ဘတ်ထရီ ပိုင်းဆိုင်ရာကို မူလ 3500 mAh ကနေ 300 mAh သို့မဟုတ် 3200 mAh နဲ့ ပြန်လည်ထုတ်လုပ် ရောင်းချမယ်လို့ သိရှိရပါတယ်။

Samsung အနေနဲ့ Galaxy Note 7 ကို အိန္ဒိယနိုင်ငံနဲ့ ဗီယက်နိုင်ငံတို့မှာ အဓိက ရောင်းချမှာ ဖြစ်ပြီး ၎င်း ၂နိုင်ငံမှာ Samsung ရဲ့ ဈေးကွက်ပိုင်ဆိုင်မှု အားအကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခင်ကလို ထပ်ပြီး ပေါက်ကွဲအုံးမလား ဆိုတဲ့ သံသယစိတ်ကို Samsung အနေနဲ့ ဘယ်လိုဖြည့်ဆည်းပေးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါဘဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: