
YouTube ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး အင်တာနက် ဗီဒီယိုဝန်ဆောင်မှု ဖြစ်ပြီး လူတိုင်းအခမဲ့ ကြည့်ရှုနိုင်တဲ့ Video Streaming Platform တစ်ခုလဲ ဖြစ်ပါတယ်။ ဥရောပအချိန် မနက် ၉ နာရီ ၄၇ မိနစ်မှာ YouTube Website ဟာ error တက်ပြီး ဗီဒီယိုတွေ ကြည့်ရှု၍ မရတော့ပါဘူး။ အကြောင်းရင်းကတော့ ကြည့်ရှုသူပမာဏ အလွန်များပြားသွားခဲ့တဲ့ အတွက် YouTube Server ဒေါင်းသွားတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သော်လည်း အသေးစိတ်ကိုတော့ YouTube ကနေ ပြန်လည် ဖြေကြားခြင်း မပြုထားပါဘူး။