Home News ကမ္ဘာ့ပထမဆုံး မိုးပျံဆိုင်ကယ် ( Hoverbike) တီထွင်စမ်းသပ်အောင်မြင်

ကမ္ဘာ့ပထမဆုံး မိုးပျံဆိုင်ကယ် ( Hoverbike) တီထွင်စမ်းသပ်အောင်မြင်

0
ကမ္ဘာ့ပထမဆုံး မိုးပျံဆိုင်ကယ် ( Hoverbike)  တီထွင်စမ်းသပ်အောင်မြင်

ရုပ်ရှင်ထဲမှာ တွေ့ဖူးကောင်း တွေ့ဖူးပါလိမ့်မယ်။ လေထဲမှာ အလန်းစားမိုးပျံယာဉ်တွေမောင်းပြီး သွားလာလှုပ်ရှားနေတာတွေ က အခုဆိုရင် စိတ်ကူးထဲမှာမဟုတ်ဘဲ လက်တွေ့ဘဝမှာ အကောင်အထည်ပေါ်လာပါပြီ။ Hoversurf အမည်ရတဲ့ ရုရှားနည်းပညာကုမ္ပဏီ တစ်ခုကနေ စမ်းသပ်အောင်မြင်ခဲ့ပါတယ်။ အဆိုပါ Hoverbike ဟာ လျှပ်စစ်ဓာတ်အားသုံး ယာဉ်ဖြစ်ပြီး ဒီဇိုင်းကတော့ Drone နဲ့ Quadcopter တို့ရဲ့ ဒီဇိုင်းနှစ်ခုကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

Hoverbike မှာ အရှိန်နဲ့ အမြင့်ကို ထိန်းချုပ်နိုင်ဖို့အတွက် software ထည့်သွင်းပေးထားပြီး မော်တော်ဆိုင်ကယ်လိုင်စင်နဲ့ မောင်းနှင်နိုင်မှာ မဟုတ်ပါဘူး။ Hoverbike သာ တရားဝင် လူထုကြားထဲ စီးခွင့်ပေးဖြစ်တဲ့ အချိန်ကျရင် သူ့အတွက် သီးသန့် ယာဉ်မောင်းလိုင်စင် လုပ်ရမှာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: