Home Knowledge Inspiration သာမန်ဘဝက လွတ်ဖို့ သင် ဘာလုပ်သင့်လဲ

သာမန်ဘဝက လွတ်ဖို့ သင် ဘာလုပ်သင့်လဲ

0
သာမန်ဘဝက လွတ်ဖို့ သင် ဘာလုပ်သင့်လဲ

သင်အပါအဝင် အားလုံးနီးပါးက ဘဝတိုးတက် အောင်မြင်ဖို့ ကြိုးစားနေကြပါတယ်။ တစ်နေ့နေ့ အောင်မြင်လာနိုးနဲ့ ပုံမှန် အလုပ်ကြိုးစားတယ်။ နေ့စဉ်ကြိုးစားတယ်။ ဒါပေမယ့် တိုးတက်မှုက သိပ်မတွေ့ရ။ လက်ရှိအခြေအနေမှာပဲ လည်ပြီးပိတ်မိနေတယ်လို့ သင့်စိတ်ထဲ မကျေမနပ်ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။ ဒါဟာ သာမန်လူတွေကြုံတွေ့နေရတဲ့ ဘ၀ အခြေအနေတစ်ခုပါပဲ။ သင်အနေနဲ့ ဒီအခြေအနေက ရုန်းထွက်ချင်တယ်ဆိုရင်တော့  ဘီလ်ဂိတ်အပါအဝင်၊ အော်ဖရာဝင်းဖရေးတို့ ဇူကာဘတ် တို့ ကျင့်သုံးတဲ့ စည်းမျဉ်းလေးတစ်ခုကိုမျှဝေပါရစေ။ အဲ့ဒါကတော့ တစ်ပတ် (၅) နာရီစည်းမျဉ်း 5 Hour-A week Rule ဖြစ်ပါတယ်။

ဒီနည်းက သင်လုပ်နေကျ တစ်ပတ် နာရီ (၈၀) အပြင် တစ်ပတ် (၅) နာရီ ကို သင်ယူလေ့လာမှု အတွက် သီးခြားအချိန်ပေးဖို့ဖြစ်ပါတယ်။ ဘာတွေကို အချိန်ပေးရမှာလဲ။

(၁) စာဖတ်ပါ။

ဘီလ်ဂိတ်ကတော့ တစ်နှစ် စာအုပ် (၅၀) ဖတ်ပါတယ်။ မိမိလေံလာသင်ယူနေတဲ့ နယ်ပယ်နဲ့ဆိုင်တဲ့ စာအုပ်တစ်အုပ်အကို အိတ်ထဲမှာ အမြဲဆောင်ပါ။

(၂) ဖတ်ပြီးတဲ့ အကြောင်းအရာတွေကို ပြန်စဉ်းစားသုံးသပ်ပါ။

စာဖတ်ရမယ်ဆိုပြီး ဖတ်ပြိးတာတွေကို ပြန်မသုံးသပ်ဘဲ စာချည်းဘဲ တစ်အုပ်ပြီးတစ်အုပ် ဖတ်နေမယ်ဆိုရင် စာပိပြီး ဖတ်သလောက် ခရီးမရောက်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖတ်ပြီးတာတွေကို အချိန်ပေးပြီး ပြန်စဉ်းစားသုံးသပ်ပါ။

(၃) လက်တွေ့ စမ်းသပ်ပါ။

ဘဝတိုးတက်မှုမှာ လက်တွေ့လုပ်ဆောင်နိုင်မှုက မရှိမဖြစ် အရာတစ်ခုပါ။ စာဘယ်လောက်ပဲဖတ်ပေမယ့် လက်တွေ့မပါရင် သီအိုရီပဲဖြစ်နေပါလိမ့်မယ်။ စာဖတ်ခြင်းကရလာတဲ့ အတွေးသစ်၊အမြင်သစ်တွေကို လက်တွေ့ စမ်းသပ်လုပ်ကိုင်ကြည့်ပါ။မှားရင်တောင် အနည်းဆုံးအတွေ့အကြုံတော့ ရမှာပါ။

(၄) အလုပ်နဲ့ သင်ယူမှုကို မရောထွေးပါနဲ့။

အလုပ်နဲ့ တိုးတက်မှုအတွက်သင်ယူနေတာကို ရောထွေးတတ်ပါတယ်။ နေ့စဉ်ပြသနာတွေနဲ့ပဲ လုံးထွေးနေမယ်ဆိုရင် ဘဝတိုးတက်ရေးအတွက်သင်ယူမှုကို အာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။ တစ်ပတ် (၅) နာရီဆိုတာ သင်ယူဖို့ အတွက်သက်သက်သာဖြစ်ပါတယ်။ တိကျတဲ့ ပန်းတိုင်ချမှတ်ပြီးဆောင်ရွက်ရပါမယ်။

(၅) အလုပ်ပြီးမြောက်နိုင်မှု လောက်သာမက တိုးတက်မှုကိုပါ အာရုံစိုက်ပါ။

တစ်ပတ် (၅)နာရီ စည်းမျဉ်းက အလုပ်ပြီးမြောက်အောင် လုပ်နိုင်စွမ်းလောက် သာမကပါဘူး။ နေ့စဉ်တိုးတက်လာဖို့ အတွက် အဓိကရည်ရွယ်ပါတယ်။ ပြီးမြောက်အောင်လုပ်နိုင်စွမ်းက အောင်မြင်မှု ဖြစ်ပေမယ့် တစ်သက်တာသင်ယူလေ့လာမှုမပါပဲ အလုပ်ပြီးမြောက်နိုင်မှုဆီကို မရောက်နိုင်ပါဘူး။ ဒါကြောင့် တစ်ပတ် (၅)နာရီ စည်းမျဉ်းအတိုင်း တိုးတက်မှုကို အာရုံစိုက်ပါ။ ဒီ စည်းမျဉ်းအတိုင်းအမှန်ကျင့်သုံးလိုက်နာမယ်ဆိုရင်တော့ သင့်ဘ၀ သာမန်ကနေ ထူးခြားအောင်မြင်မှုတွေ ရလာပါလိမ့်မယ်။ ဒီစာကိုဖတ်နေပြိ ဆိုကတည်းက သင်ဟာ သာမန်လူသားတစ်ယောက်အဖြစ်နဲ့ ဘဝကိုအဆုံးသတ်ချင်သူ မဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: