
ဂျပန် နည်းပညာဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Mac Otakara ရဲ့ ထုတ်ပြန်ချက်အရ လာမယ့် မတ်လ မှာ Apple အနေနဲ့ iPad ကို အမျိုးအစား ၄ ခု မိတ်ဆက်ပြသမယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်များအရ 9.7 inch display , 12.3 inch, 7.9 inch နဲ့ 10.5 inch မျက်နှာပြင်များအနေနဲ့ ထုတ်လုပ်မယ်လို့ သိရပါတယ်။ မျက်နှာပြင် 9.7 နဲ့ 10.5 ipad ကို edge to edge display ဖြစ်ပြီး home button ပါရှိမှာ မဟုတ်ပါဘူး။ 7.9 လက်မ မော်ဒယ်ကတော့ ipad mini4 ကို အစားထိုးတာဖြစ်တယ်လို့ ယူဆရပြီး လက်ရှိမှာတော့ iPad ထဲမှာ ပါဝင်မယ့် hardware specification အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။