Home News Pornhub App ဒီဇိုင်းဖြင့် ဟက်ကာများက တုပပြုလုပ်ကာ ဖုန်းတွင်းရှိ အချက်အလက်များအား ခိုးယူနိုင်

Pornhub App ဒီဇိုင်းဖြင့် ဟက်ကာများက တုပပြုလုပ်ကာ ဖုန်းတွင်းရှိ အချက်အလက်များအား ခိုးယူနိုင်

0
Pornhub App ဒီဇိုင်းဖြင့် ဟက်ကာများက တုပပြုလုပ်ကာ ဖုန်းတွင်းရှိ အချက်အလက်များအား ခိုးယူနိုင်

Pornhub ဟာ ကမ္ဘာကျော် အပြာဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပြီး လူကြည့်အများဆုံး လိင်ဖျော်ဖြေမှု ဝက်ဘ်ဆိုဒ်တစ်ခုလဲ ဖြစ်ပါတယ်။ ဒါ့အပြင် Pornhub ဟာ android စမတ်ဖုန်းကနေ ကြည့်ရှုနိုင်စေဖို့ android app လည်း ထုတ်လုပ်ထားပါတယ်။ ဒါပေမယ့် Porn App ဖြစ်တဲ့အတွက် Google Play Store မှာ တင်ခွင့်မရဘဲ အခြား third party app store မှာ တင်ထားရပါတယ်။ ဒါကြောင့် ဟက်ကာများက Pornhub App အတုအယောင်များ ဖန်တီးကာ ဖုန်းတွင်းရှိ အချက်အလက်များအား ခိုးယူနိုင်မယ့် malware app ကို ထည့်သွင်းနိုင်မယ့် App တွေ ဖန်တီးထားပြီး လက်ရှိမှာ Pornhub App အတုအယောင်ပေါင်း များစွာရှိတယ်လို့ သိရပါတယ်။

ယခု ဖြစ်ပေါ်နေတဲ့ Pornhub malware ဟာ ဖုန်းကို lock ချနိုင်မှာ ဖြစ်ပြီး lock ပြန်ဖြေနိုင်ဖို့ ဒေါ်လာ ၁၀၀ သွင်းမှသာလျှင် ဖုန်းကို ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းကို factory reset ချလည်း မရပါဘူး။ ဟက်ကာတွေ ရေးသားထားတဲ့ malware program ကို လက်ရှိမှာ မဖြေရှင်းနိုင်သေးပါဘူး။ ဒါကြောင့် Pornhub App ကို ဒေါင်းလုပ်ဆွဲမယ်ဆိုရင် Pornhub.com ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်မှာဘဲ ယူဖို့ အကြံပြုထားပါတယ်။ Search Engine မှာ ရှာလိုက်ရင် တွေ့ရမယ့် pornhub app အတော်များများကတော့ malware app တွေ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: