
အသက် ၇ နှစ်အရွယ်သာရှိတဲ့ ကလေးကို ကားအပြင်ထုတ်ပြီး ခါးပတ်နဲ့ ရိုက်နှက်မှုကြောင့် ဝီလီယံ အမည်ရှိ Texas ပြည်နယ်မှ လူတစ်ယောက်ကို ရဲများမှ ဖမ်းဆီးတရားစွဲဆိုထားပါတယ်။ ဝီလီယံက သူ့ရဲ့ ဖုန်းအားသွင်းကိရိယာ ကို ခိုးယူလို့ ရိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဝီလီယံမှာ အဆိုပါ ကလေးအမေ၏ သူငယ်ချင်း ဖြစ်ပြီး ကလေးကို ပုခုံး၊ တင်ပါး၊ ခေါင်းနဲ့ ခြေထောက်တွေကို ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။ ခါးပတ်ဖြင့် ရိုက်နှက်ချက် ၆၂ ကြိမ်ရှိပြီး အဆိုပါ အဖြစ်အပျက်ကို CCTV မှ နေ၍ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကလေးသူငယ်ညှင်းပန်းနှိပ်စက်ခြင်း ဥပဒေဖြင့် တရားစွဲဆိုထားပြီး ငွေသား ဒေါ်လာ ၃သောင်း ဒဏ်ငွေဆောင်ရမည်ဟု သိရှိရသည်။ ဝီလီယံမှာ ကလေးငယ်အား ၃နာရီဝန်းကျင်အတိ နှိပ်စက်ညှင်းပန်းခဲ့ခြင်း ဖြစ်သည်။