
Xiaomi ရဲ့ Redmi 5 လို့ယူဆရတဲ့ သတင်းအချက်အလက်အချို့ပေါက်ကြားခဲ့ပြီး မော်ဒယ်အမှတ် MAE 136 နံပတ်နဲ့ မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။ မီဒီယာတွေကတော့ Xiaomi မှတ်ပုံတင်လိုက်တဲ့ Model Number MAE 136 ဟာ Redmi 5 လို့ ခိုင်ခိုင်မာမာ မှတ်ချပေးနေကြပါတယ်။ Xiaomi Today ရဲ့ ထုတ်ပြန်ချက်အရ ဒီဇိုင်းအနည်းငယ် ပြောင်းလဲထားကြောင်း သိရပါတယ်။ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး အနားသတ်တွေက လုံးဝန်းတဲ့ အနေအထားရှိပါမယ်။ ကင်မရာကိုတော့ ဖုန်းရဲ့ ထိပ်ပိုင်းနားမှာ ထားရှိမှာ ဖြစ်ပြီး Flash မီးနဲ့ ဘေးချဉ်းကပ်ရပ် ရှိမှာပါ။
Display အနေနဲ့ ၅လက်မမျက်နှာပြင် ဖြစ်ပြီး ဘတ်ထရီ 4000mAh ပါဝင်မှာပါ။ ဒါပေမယ့် RAM, CPU နဲ့ Storage ဘယ်လောက်ပါမလဲဆိုတာကိုတော့ မသိရသေးပါဘူး။