Home News Samsung ၏ Galaxy S8 တွင် Sony ၏ ဘတ်ထရီထည့်သွင်းမည်

Samsung ၏ Galaxy S8 တွင် Sony ၏ ဘတ်ထရီထည့်သွင်းမည်

0
Samsung ၏ Galaxy S8 တွင် Sony ၏ ဘတ်ထရီထည့်သွင်းမည်

၂၀၁၆ခုနှစ်မှာ ထွက်ခဲ့တဲ့ Samsung ရဲ့ Galaxy Note 7 မှာ ဘတ်ထရီပြဿနာကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး Samsung အနေနဲ့ ဈေးကွက်ရှယ်ယာများ ကျဆင်းခဲ့ရသလို အရှုံးပေါ်ခဲ့တဲ့ နှစ်လဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလဲ Samsung Galaxy Note 7 အတွက် ဘတ်ထရီထုတ်ပေးတဲ့ စက်ရုံလဲ မီးလောင်ခဲ့တာ ကြောင့် Samsung အနေနဲ့ မကြာမှီထွက်ရှိလာတော့မယ့် Galaxy S8 မှာ ဘတ်ထရီထည့်သွင်းရေးအတွက် ပြောင်းလဲမှု အသစ်ပြုလုပ်ရပါတယ်။ အဲ့ဒါကတော့ အခြားမဟုတ်ပါဘူး။ Sony ရဲ့ ဘတ်ထရီကို Samsung Galaxy S8 မှာ ထည့်သွင်းဖို့ ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် Samsung အနေနဲ့ lithium-ion ဘတ်ထရီတွေထုတ်လုပ်ပေးဖို့ Sony နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အဆိုပါ ဘတ်ထရီကို Samsung Galaxy S8 မှာ ထည့်သွင်းအသုံးပြုထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Sony ဟာ တောင်ကိုးရီးယားနိုင်ငံမှာ ရှိတဲ့ ကုမ္ပဏီအတော်များများအပြင် ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ ကုမ္ပဏီတွေကို ကင်မရာနဲ့ ဘတ်ထရီတွေကို ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: