Home News မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ရာထူးမှ နှုတ်ထွက်မည်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ရာထူးမှ နှုတ်ထွက်မည်

0
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ရာထူးမှ နှုတ်ထွက်မည်

လာမယ့် တင်္နလာနေ့မှာ ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်မည် ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောလိုက်ပါတယ်။ နှုတ်ထွက်စာတင်ပြီးသည်နှင့် နောက်ထပ် ဝန်ကြီးချုပ် အသစ်မတက်မှီ ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပြီး အေးအေးချမ်းချမ်း နေလိုတဲ့အတွက် နှုတ်ထွက်တာဖြစ်ကြောင်း ပြောပါတယ်။

ဝန်ကြီးချုပ် အသစ်မလာခင်အထိ တာဝန်ကျေစွာ ထမ်းဆောင်ပေးမှာဖြစ်ပြီး အားလုံးဟာ ကံတရားအတိုင်းဖြစ်လာတာ လို့ဝန်ကြီးချုပ် ဦးမင်းမင်းဦးကပြောပါတယ်။ နှုတ်ထွက်မယ့်အကြောင်းကိုလည်း သို့လော သို့လော ထင်နေကြမှာ ဖြစ်တဲ့ အတွက် Facebook မှာ status ရေးပြီး တင်လိုက်တယ်လို့ သိရပါတယ်။ ဦးမင်းမင်းဦးသည် လက်ရှိတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ရာထူးအပြင် ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့ကို ပူးတွဲ ကိုင်တွယ်ထားကြောင်း သိရသည်။

ဦးမင်းမင်းဦး က facebook ပေါ်မှာ “

နှုတ်ထွက်ပါပြီး။
အားလုံးကို ကျေးဇူး
တင်ပါတယ်။
ဖြစ်တည်မှု အားလုံးဟာ
ပျက်စီးဖို့ ရာ ဓမ္မတာပါဘဲ။

မင်းမင်းဦး
ဝန်ကြီးချုပ်
မွန်ပြည်နယ်  ”

ဟု တင်ခဲ့ပါတယ်။ အောက်ပါ ပုံကတော့ ဦးမင်းမင်းဦးရဲ့ facebook status ကို screenshot ရိုက်ထားတာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: