Home Entertainment Celebrity Facebook မှာ အချိန်တိုအတွင်း ဆယ်လီဖြစ်နည်း

Facebook မှာ အချိန်တိုအတွင်း ဆယ်လီဖြစ်နည်း

0
Facebook မှာ အချိန်တိုအတွင်း ဆယ်လီဖြစ်နည်း

ဟယ်လို မင်္ဂလာပါ၊ Facebook မှာ ဆယ်လီမဖြစ်သေးလို့ စိတ်ညစ်နေတာလား၊ ကျနော်တို့ရဲ့ အပျံစား အကြံပေးချက်တွေကို လိမ်လိမ်မာမာနဲ့ နားထောင်ပြီး ကျင့်ကြံရင် ဆယ်လီဖြစ်ဖို့ အာမခံပါတယ်။ ဆယ်လီဆိုတာ ဘာပါလိမ့်၊ လွယ်လွယ်ပြောရရင် ကိုယ့်ကို လူသိများနေရင် ဆယ်လီဖြစ်နေပြီပေါ့။ ကဲ သင် ဘာကြောင့် ဆယ်လီဖြစ်ဖို့လိုတာလဲ။ ဟဲဟဲ ရှင်းပါတယ်။ ကိုယ့်ကို လူသိများသွားတာပေါ့။ မိန်းကလေး တစ်ယောက်အနေနဲ့ Facebook မှာ friend ၅ထောင် ပြည့်ဖို့လွယ်ပေမယ့် ယောက်ျားလေးအနေနဲ့တော့ ဆယ်လီမဟုတ်ရင် သိပ်မလွယ်လှပါဘူး။ မိန်းကလေးတစ်ယောက် Facebook မှာ status တင်တဲ့အခါ သာမီးလှလားဟင်၊ စားကြပါအုံး ကြိုက်သလိုရေးရေး like တွေများ ရလွန်းလို့၊ ကိုယ်တွေ ယွကျားလေးတွေ အဲ့လိုတင်ရေးရင် ဆဲသံတွေ ပလူပျံသွားတာဘဲ။ အို… လေရှည်နေတာများသွားပြီ။ ကဲ အကြံပေးမယ် လိုက်နာကြ သာဝက အပေါင်းတို့။

၁။ ဘယ်လိုင်းသွားမလဲ

အရင်ဦးဆုံး သင်က Facebook မှာ ဘယ်လိုင်းသွားမလဲ စဉ်းစားရပါမယ်။ အောင်မြင်တဲ့အလုပ်တစ်ခုလုပ်ဖို့ အစီအစဉ်ကောင်းဖို့ လိုသလို Facebook မှာ ဆယ်လီဖြစ်ဖို့ဆိုလည်း ဒီလိုပါဘဲ။ အစီအစဉ်ကောင်းရမယ် ဉာဏ်ကောင်းဖို့တော့လိုတာပေါ့။ လွယ်လွယ်နဲ့တော့ ဆယ်လီ ဘယ်ဖြစ်နိုင်မှာလဲ။ ဆရာကြီးစတိုင်လ် ခပ်တည်တည်နဲ့ အထာနဲ့ ရေးမှာလား၊ selfie ပုံသီးသန့်သွားမလား ( မှတ်ချက်- ရုပ်ချောဖို့မလို ဖုန်းကောင်းဖို့နဲ့ ဓာတ်ပုံပြင် App သုံးတတ်ဖို့ဘဲလိုတယ် )၊ ကိုယ့်ဟာကို ဗီဒီယိုရိုက်ပြီး တင်ပြီး ဆယ်လီလိုင်းသွားမှာလား၊ ဒါကတော့ နှစ်သက်ရာ ရွေးပါ။

၂။ ကြီးကြီးကျယ်ကျယ်ပြောပါ။ အထာနဲ့နေပါ။

သိတယ်ဟုတ်လား။ ဖွဘုတ်ဆိုတာ ကြီးကြီးကျယ်ကျယ်ပြောမှ လူသိများမှာလေ။ လွယ်တော့မလွယ်ဘူး ဉာဏ်တော့ ကောင်းရတာပေါ့။ ကိုယ့် status အောက်က comment တိုင်းကိုလည်း reply မပြန်ပါနဲ့။ အထာနဲ့တော့ နေတတ်ရတာပေါ့။ ဟင်းဟင်း.. သိတယ်ဟုတ်လား၊ ခေတ်ကိုက ကြီးကြီးကျယ်ကျယ်ပြောရတဲ့ ခေတ်လေ။ ဟုတ်တာ မဟုတ်တာ နောက်ကိစ္စထား၊

၃။ Selfie ပုံကောင်းကောင်းတင်ပါ။

အချိန်တိုအတွင်း ဆယ်လီဖြစ်ဖို့ ကိုယ့်မျက်နှာကို ကိုယ်ပြန်ရိုက်တဲ့ ဆယ်ဖီးဆိုလား ဘာလား၊ အဲ့ဒါမျိုးတွေ ရိုက်တင်ပါ။ ရုပ်ချောဖို့မလိုဘူး၊ အသားဖြူဖို့မလိုဘူးလေ၊ ပြန်ပြင်မယ့် App တွေရှိနေတာဘဲ။ ဒီတော့ selfie ကို အထှာကျကျ ရိုက်၊ ပြီးရင် နာမည်ကြီးနေတဲ့ Camera 360, B612, Retrica လို App နဲ့ စိတ်ကြိုက်ပြင်ပြီးရင် တင်ပေတော့။ တင်တဲ့အခါ နည်းစနစ်တော့ လိုသေးတယ်ဗျ။ မောနင်းပါ အသည်းတို့၊ အီးဗနီးပါ ချစ်ဆုံး တို့ ဘာညာ status နဲ့တွဲ ပြီး တင်၊ ပြီးရင် လူသိများတဲ့ ကိုယ့်အကောင့်ထဲက friend တွေကိုပါ tag။ ကိုယ့်နဲ့ ရင်းနှီးမှ tag ပါလေ၊ tag တာများပြီး အပြင်မှာ တွေ့တဲ့အခါ ခေါင်းရိုက်ခွဲခံထိရင် ကိုယ့်ကိစ္စကိုယ်ရှင်းပါ။ ကိုယ်တွေက အကြံပေးရုံပါဘဲ။ ငိငိ

၄။ စားနေ၊ သွားနေ၊ အားနေ၊ ပျော်နေတာတွေ တင်ပါ။

ဟဲဟဲ ကိုယ်တွေစားနိုင်၊ သောက်နိုင်၊ သုံးနေတာတွေ မကြာခဏ တင်နေရင် လူသိများလာပါမယ်။ သုံးနိုင်တာ မသုံးနိုင်တာ တွေက နောက်မှထား၊ နာမည်ကြီးဆိုင်တွေ၊ shopping mall တွေရှေ့သွားပြီး ဓာတ်ပုံရိုက် checkin ဝင်လိုက်ရုံဘဲကို ဘာခက်တာမှတ်လို့၊ ပြောသားဘဲ အမေမွေးကတည်းကပါလာတဲ့ ဦးနှောက်ကို သုံးဆိုတာ ဒီလိုနေရာမှာ သုံးရတာ၊ ဘယ်သူတွေနဲ့ ပျော်နေတယ်ပေါ့လို့၊ အားလုံးကို သတိရပါတယ်လို့၊ ချစ်ရင် comment ပေးခဲ့လို့ ဘာညာ ရေးပါ။ အစပိုင်းမသိသာပေမယ့် အချိန်တန်ရင် သိလာပါလိမ့်မယ်။ ဖြစ်နိုင်ရင် live လွှင့်တာမျိုးတွေ လုပ်ပါ။ အဲ့ဒီတော့မှ ဆန်းသစ်မြန်မာက admin ကြီးရဲ့ ကျေးဇူးကြီးလှပါလားလို့ စိတ်ထဲမှာ အောက်မေ့နေမှာ။

၅။ အသည်းကွဲသလိုလို၊ ဟိုလူကို ချစ်သလိုလို၊ ထားခဲ့သလိုလို status မျိုးရေးပါ

တစ်ကယ်တမ်းတော့ အဲ့ဒါတွေက စကီအသစ်ရှာ၊ ဘဲအသစ်ရှာ နည်းစနစ်ဆိုပေမယ့် သိတယ်မဟုတ်လား ကိုယ့်ကိစ္စ အသေးစိတ်ကို ဘယ်သူက သိနိုင်မှာလဲလို့။ ဖွဘုတ်မှာ လူသနားအောင်လုပ်ဖို့က လွယ်လွန်းပါတယ်။ တစ်ခါတစ်လေ ကိုယ့်နဲ့ မဆိုင်လဲ သူများကိစ္စ ဝင်ပါလိုက်ပါ။ ဆယ်လီဖြစ်ဖို့ အရမ်းလွယ်တယ်ဆိုတာ သင်ကိုယ်တိုင် မလွဲဧကန် သိလာရပါမယ်။ အသည်းကွဲသလိုလို ဘာလိုလို feel လိုင်းတွေက ကိုယ်တိုင်တောင် နားလည်ချင်မှ နားလည်ပေမယ့် နားမလည်လဲ ရေးလိုက်ပါ။ သင့်ပိုစ့်ကို ပြန် share တဲ့သူတွေကို တွေ့ရမှာ ဝမ်းမြောက်ဖွယ်ရာ တွေ့ရပါမယ်။

၆။ အထာကျကျ ဂျင်းထည့်ပါ။

ဂျင်းထည့်တာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ရေးတဲ့ status တွေက အစ ဂျင်းဖြစ်ပါစေ။ ဒါ့အပြင် ဓာတ်ပုံတွေကအစ ဂျင်းဓာတ်ပုံ ဖြစ်ပါစေ။ ဆိုလိုတာက status အချို့က သူများရေးထားတဲ့ ခပ်လန်းလန်းတွေရှိတတ်ပါတယ်။ အဲ့ဒါတွေလဲ ဂျင်းဖြစ်ချင်ဖြစ်မှာ ပြောမရဘူး၊ အဲ့လို status မျိုးကို တိုက်ရိုက် ကော်ပီမကူးပါနဲ့။ ကိုယ်ပိုင် ဗားရှင်းအနေနဲ့ modify လုပ်လိုက်ပါ။ ဟင်း ဟင်း ဟင်း… မပြောဘူးလား၊ အရမ်းကြီး မခက်ပါဘူးလို့။ ဉာဏ်ကောင်းဖို့ဘဲ လိုတယ်။ ဓာတ်ပုံတွေကို ဂျင်းထည့်တာလဲ လွယ်ပါတယ်။ သူငယ်ချင်းတစ်ယောက်ယောက်ကို ဖုန်းပေးလိုက်၊ ကိုယ်က ပုံထဲမှာ ကြည့်ကောင်းအောင် ဟန်လေးနဲ့နေပေါ့။ အဲ..ဒါပေမယ့် ဖွဘုတ်မှာ တင်တဲ့အခါ သူငယ်ချင်းရဲ့ snap ပေါ့၊ snapshot ထိသွားတယ်တို့ ဘာတို့ရေးပေါ့။ အမှန်တော့ snap ဟုတ်လား မဟုတ်လားဆိုတော့ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းဘဲ သိတာ။ ဒီကိစ္စက ကိုယ်တွေ ဘော်ဒါတွေကို လုပ်ပေးနေကြ။ အခုတောင် သူတို့တွေ နောင်တစ်ခေတ်ရဲ့ ဖွဘုတ်ဆယ်လီလောင်းလျာ လေးတွေ ဖြစ်နေကြပြီ။

၇။ တစ်ခါတစ်လေ အနုစားခြိမ်းခြောက်မှုများ ပြုလုပ်ပါ

အနုကြမ်းစီးခိုင်းတာ မဟုတ်ပါဘူး။ ဆိုလိုတာက ဖွဘုတ်မှာ စာတစ်ကြောင်းလောက်တင်လိုက်ပါ။ like မပေးတဲ့သူတွေကို unfriend လုပ်မယ်လို့ ဘာလုပ်မယ်ဆိုပြီး အနုစားခြိမ်းခြောက်မှု လုပ်လိုက်ပါ။ အရမ်းကြီးထိရောက်တဲ့ နည်းလမ်းမဟုတ်ပေမယ့် သက်ရောက်မှုတော့ရှိပါတယ်။ အဲ့ဒီအခါ ဖွဘုတ်ပါးမဝသေးတဲ့ တက်သစ်စ စကီလေးတွေ၊ ဘဲလေးတွေက like တွေ comment တွေ လာပေးသွားပါလိမ့်မယ်။ မယုံရင် စမ်းသာစမ်းလိုက်ပါ။

အမှန်တော့ ဖွဘုတ်မှာ ဆယ်လီဖြစ်နည်းဆိုတာ ဆက်ပြောရင် အရှည်ကြီးပါဘဲ။ ကိုယ်သိချင်တဲ့ အရာကိုသာ comment ပေးသွားလိုက်ပါ။ OP တို့ကတော့ ပြန်ဖြေပေးပါမယ်။ OP တို့ပြောတဲ့အတိုင်း မလိုက်နာဘဲ သာမန်အသုံးပြုနေမယ်ဆိုရင် ဖွဘုတ်မှာ ဆယ်လီဖြစ်ဖို့ ၁၀ နှစ်ကြိုးစားတာတောင် မရပါဘူး။ OP ရဲ့ လမ်းညွှန်ချက်အတိုင်းသာ တစ်ဝေမသိမ်းလိုက်နာမှာဆိုရင် နောင်တစ်ခေတ်ရဲ့ ဖွဘုတ်ဆယ်လီဖြစ်လာနိုင်ပါတယ်။ အချိန်သိပ်မရလို့ OP ဒီလောက်လေးဘဲရေးတော့မယ်နော်။ Selfie တစ်ပုံလောက်ဆွဲပြီး ဖွဘုတ်မှာ သွားတင်လိုက်အုံးမယ် သက်လား၊ အသည်းတုံးတို့ အာဘွား.. 😛

Zawgyi Font : Facebook မွာ အခ်ိန္တိုအတြင္း ဆယ္လီျဖစ္နည္း

ဟယ္လို မဂၤလာပါ၊ Facebook မွာ ဆယ္လီမျဖစ္ေသးလို႔ စိတ္ညစ္ေနတာလား၊ က်ေနာ္တို႔ရဲ႕ အပ်ံစား အႀကံေပးခ်က္ေတြကို လိမ္လိမ္မာမာနဲ႔ နားေထာင္ၿပီး က်င့္ႀကံရင္ ဆယ္လီျဖစ္ဖို႔ အာမခံပါတယ္။ ဆယ္လီဆိုတာ ဘာပါလိမ့္၊ လြယ္လြယ္ေျပာရရင္ ကိုယ့္ကို လူသိမ်ားေနရင္ ဆယ္လီျဖစ္ေနၿပီေပါ့။ ကဲ သင္ ဘာေၾကာင့္ ဆယ္လီျဖစ္ဖို႔လိုတာလဲ။ ဟဲဟဲ ရွင္းပါတယ္။ ကိုယ့္ကို လူသိမ်ားသြားတာေပါ့။ မိန္းကေလး တစ္ေယာက္အေနနဲ႔ Facebook မွာ friend ၅ေထာင္ ျပည့္ဖို႔လြယ္ေပမယ့္ ေယာက္်ားေလးအေနနဲ႔ေတာ့ ဆယ္လီမဟုတ္ရင္ သိပ္မလြယ္လွပါဘူး။ မိန္းကေလးတစ္ေယာက္ Facebook မွာ status တင္တဲ့အခါ သာမီးလွလားဟင္၊ စားၾကပါအုံး ႀကိဳက္သလိုေရးေရး like ေတြမ်ား ရလြန္းလို႔၊ ကိုယ္ေတြ ယြက်ားေလးေတြ အဲ့လိုတင္ေရးရင္ ဆဲသံေတြ ပလူပ်ံသြားတာဘဲ။ အို… ေလရွည္ေနတာမ်ားသြားၿပီ။ ကဲ အႀကံေပးမယ္ လိုက္နာၾက သာဝက အေပါင္းတို႔။

၁။ ဘယ္လိုင္းသြားမလဲ

အရင္ဦးဆုံး သင္က Facebook မွာ ဘယ္လိုင္းသြားမလဲ စဥ္းစားရပါမယ္။ ေအာင္ျမင္တဲ့အလုပ္တစ္ခုလုပ္ဖို႔ အစီအစဥ္ေကာင္းဖို႔ လိုသလို Facebook မွာ ဆယ္လီျဖစ္ဖို႔ဆိုလည္း ဒီလိုပါဘဲ။ အစီအစဥ္ေကာင္းရမယ္ ဉာဏ္ေကာင္းဖို႔ေတာ့လိုတာေပါ့။ လြယ္လြယ္နဲ႔ေတာ့ ဆယ္လီ ဘယ္ျဖစ္ႏိုင္မွာလဲ။ ဆရာႀကီးစတိုင္လ္ ခပ္တည္တည္နဲ႔ အထာနဲ႔ ေရးမွာလား၊ selfie ပုံသီးသန႔္သြားမလား ( မွတ္ခ်က္- ႐ုပ္ေခ်ာဖို႔မလို ဖုန္းေကာင္းဖို႔နဲ႔ ဓာတ္ပုံျပင္ App သုံးတတ္ဖို႔ဘဲလိုတယ္ )၊ ကိုယ့္ဟာကို ဗီဒီယို႐ိုက္ၿပီး တင္ၿပီး ဆယ္လီလိုင္းသြားမွာလား၊ ဒါကေတာ့ ႏွစ္သက္ရာ ေ႐ြးပါ။

၂။ ႀကီးႀကီးက်ယ္က်ယ္ေျပာပါ။ အထာနဲ႔ေနပါ။

သိတယ္ဟုတ္လား။ ဖြဘုတ္ဆိုတာ ႀကီးႀကီးက်ယ္က်ယ္ေျပာမွ လူသိမ်ားမွာေလ။ လြယ္ေတာ့မလြယ္ဘူး ဉာဏ္ေတာ့ ေကာင္းရတာေပါ့။ ကိုယ့္ status ေအာက္က comment တိုင္းကိုလည္း reply မျပန္ပါနဲ႔။ အထာနဲ႔ေတာ့ ေနတတ္ရတာေပါ့။ ဟင္းဟင္း.. သိတယ္ဟုတ္လား၊ ေခတ္ကိုက ႀကီးႀကီးက်ယ္က်ယ္ေျပာရတဲ့ ေခတ္ေလ။ ဟုတ္တာ မဟုတ္တာ ေနာက္ကိစၥထား၊

၃။ Selfie ပုံေကာင္းေကာင္းတင္ပါ။

အခ်ိန္တိုအတြင္း ဆယ္လီျဖစ္ဖို႔ ကိုယ့္မ်က္ႏွာကို ကိုယ္ျပန္႐ိုက္တဲ့ ဆယ္ဖီးဆိုလား ဘာလား၊ အဲ့ဒါမ်ိဳးေတြ ႐ိုက္တင္ပါ။ ႐ုပ္ေခ်ာဖို႔မလိုဘူး၊ အသားျဖဴဖို႔မလိုဘူးေလ၊ ျပန္ျပင္မယ့္ App ေတြရွိေနတာဘဲ။ ဒီေတာ့ selfie ကို အထွာက်က် ႐ိုက္၊ ၿပီးရင္ နာမည္ႀကီးေနတဲ့ Camera 360, B612, Retrica လို App နဲ႔ စိတ္ႀကိဳက္ျပင္ၿပီးရင္ တင္ေပေတာ့။ တင္တဲ့အခါ နည္းစနစ္ေတာ့ လိုေသးတယ္ဗ်။ ေမာနင္းပါ အသည္းတို႔၊ အီးဗနီးပါ ခ်စ္ဆုံး တို႔ ဘာညာ status နဲ႔တြဲ ၿပီး တင္၊ ၿပီးရင္ လူသိမ်ားတဲ့ ကိုယ့္အေကာင့္ထဲက friend ေတြကိုပါ tag။ ကိုယ့္နဲ႔ ရင္းႏွီးမွ tag ပါေလ၊ tag တာမ်ားၿပီး အျပင္မွာ ေတြ႕တဲ့အခါ ေခါင္း႐ိုက္ခြဲခံထိရင္ ကိုယ့္ကိစၥကိုယ္ရွင္းပါ။ ကိုယ္ေတြက အႀကံေပး႐ုံပါဘဲ။ ငိငိ

၄။ စားေန၊ သြားေန၊ အားေန၊ ေပ်ာ္ေနတာေတြ တင္ပါ။

ဟဲဟဲ ကိုယ္ေတြစားႏိုင္၊ ေသာက္ႏိုင္၊ သုံးေနတာေတြ မၾကာခဏ တင္ေနရင္ လူသိမ်ားလာပါမယ္။ သုံးႏိုင္တာ မသုံးႏိုင္တာ ေတြက ေနာက္မွထား၊ နာမည္ႀကီးဆိုင္ေတြ၊ shopping mall ေတြေရွ႕သြားၿပီး ဓာတ္ပုံ႐ိုက္ checkin ဝင္လိုက္႐ုံဘဲကို ဘာခက္တာမွတ္လို႔၊ ေျပာသားဘဲ အေမေမြးကတည္းကပါလာတဲ့ ဦးေႏွာက္ကို သုံးဆိုတာ ဒီလိုေနရာမွာ သုံးရတာ၊ ဘယ္သူေတြနဲ႔ ေပ်ာ္ေနတယ္ေပါ့လို႔၊ အားလုံးကို သတိရပါတယ္လို႔၊ ခ်စ္ရင္ comment ေပးခဲ့လို႔ ဘာညာ ေရးပါ။ အစပိုင္းမသိသာေပမယ့္ အခ်ိန္တန္ရင္ သိလာပါလိမ့္မယ္။ ျဖစ္ႏိုင္ရင္ live လႊင့္တာမ်ိဳးေတြ လုပ္ပါ။ အဲ့ဒီေတာ့မွ ဆန္းသစ္ျမန္မာက admin ႀကီးရဲ႕ ေက်းဇူးႀကီးလွပါလားလို႔ စိတ္ထဲမွာ ေအာက္ေမ့ေနမွာ။

၅။ အသည္းကြဲသလိုလို၊ ဟိုလူကို ခ်စ္သလိုလို၊ ထားခဲ့သလိုလို status မ်ိဳးေရးပါ

တစ္ကယ္တမ္းေတာ့ အဲ့ဒါေတြက စကီအသစ္ရွာ၊ ဘဲအသစ္ရွာ နည္းစနစ္ဆိုေပမယ့္ သိတယ္မဟုတ္လား ကိုယ့္ကိစၥ အေသးစိတ္ကို ဘယ္သူက သိႏိုင္မွာလဲလို႔။ ဖြဘုတ္မွာ လူသနားေအာင္လုပ္ဖို႔က လြယ္လြန္းပါတယ္။ တစ္ခါတစ္ေလ ကိုယ့္နဲ႔ မဆိုင္လဲ သူမ်ားကိစၥ ဝင္ပါလိုက္ပါ။ ဆယ္လီျဖစ္ဖို႔ အရမ္းလြယ္တယ္ဆိုတာ သင္ကိုယ္တိုင္ မလြဲဧကန္ သိလာရပါမယ္။ အသည္းကြဲသလိုလို ဘာလိုလို feel လိုင္းေတြက ကိုယ္တိုင္ေတာင္ နားလည္ခ်င္မွ နားလည္ေပမယ့္ နားမလည္လဲ ေရးလိုက္ပါ။ သင့္ပိုစ့္ကို ျပန္ share တဲ့သူေတြကို ေတြ႕ရမွာ ဝမ္းေျမာက္ဖြယ္ရာ ေတြ႕ရပါမယ္။

၆။ အထာက်က် ဂ်င္းထည့္ပါ။

ဂ်င္းထည့္တာ လြယ္တဲ့ကိစၥမဟုတ္ပါဘူး။ ေရးတဲ့ status ေတြက အစ ဂ်င္းျဖစ္ပါေစ။ ဒါ့အျပင္ ဓာတ္ပုံေတြကအစ ဂ်င္းဓာတ္ပုံ ျဖစ္ပါေစ။ ဆိုလိုတာက status အခ်ိဳ႕က သူမ်ားေရးထားတဲ့ ခပ္လန္းလန္းေတြရွိတတ္ပါတယ္။ အဲ့ဒါေတြလဲ ဂ်င္းျဖစ္ခ်င္ျဖစ္မွာ ေျပာမရဘူး၊ အဲ့လို status မ်ိဳးကို တိုက္႐ိုက္ ေကာ္ပီမကူးပါနဲ႔။ ကိုယ္ပိုင္ ဗားရွင္းအေနနဲ႔ modify လုပ္လိုက္ပါ။ ဟင္း ဟင္း ဟင္း… မေျပာဘူးလား၊ အရမ္းႀကီး မခက္ပါဘူးလို႔။ ဉာဏ္ေကာင္းဖို႔ဘဲ လိုတယ္။ ဓာတ္ပုံေတြကို ဂ်င္းထည့္တာလဲ လြယ္ပါတယ္။ သူငယ္ခ်င္းတစ္ေယာက္ေယာက္ကို ဖုန္းေပးလိုက္၊ ကိုယ္က ပုံထဲမွာ ၾကည့္ေကာင္းေအာင္ ဟန္ေလးနဲ႔ေနေပါ့။ အဲ..ဒါေပမယ့္ ဖြဘုတ္မွာ တင္တဲ့အခါ သူငယ္ခ်င္းရဲ႕ snap ေပါ့၊ snapshot ထိသြားတယ္တို႔ ဘာတို႔ေရးေပါ့။ အမွန္ေတာ့ snap ဟုတ္လား မဟုတ္လားဆိုေတာ့ ကိုယ္နဲ႔ ကိုယ့္သူငယ္ခ်င္းဘဲ သိတာ။ ဒီကိစၥက ကိုယ္ေတြ ေဘာ္ဒါေတြကို လုပ္ေပးေနၾက။ အခုေတာင္ သူတို႔ေတြ ေနာင္တစ္ေခတ္ရဲ႕ ဖြဘုတ္ဆယ္လီေလာင္းလ်ာ ေလးေတြ ျဖစ္ေနၾကၿပီ။

၇။ တစ္ခါတစ္ေလ အႏုစားၿခိမ္းေျခာက္မႈမ်ား ျပဳလုပ္ပါ

အႏုၾကမ္းစီးခိုင္းတာ မဟုတ္ပါဘူး။ ဆိုလိုတာက ဖြဘုတ္မွာ စာတစ္ေၾကာင္းေလာက္တင္လိုက္ပါ။ like မေပးတဲ့သူေတြကို unfriend လုပ္မယ္လို႔ ဘာလုပ္မယ္ဆိုၿပီး အႏုစားၿခိမ္းေျခာက္မႈ လုပ္လိုက္ပါ။ အရမ္းႀကီးထိေရာက္တဲ့ နည္းလမ္းမဟုတ္ေပမယ့္ သက္ေရာက္မႈေတာ့ရွိပါတယ္။ အဲ့ဒီအခါ ဖြဘုတ္ပါးမဝေသးတဲ့ တက္သစ္စ စကီေလးေတြ၊ ဘဲေလးေတြက like ေတြ comment ေတြ လာေပးသြားပါလိမ့္မယ္။ မယုံရင္ စမ္းသာစမ္းလိုက္ပါ။

အမွန္ေတာ့ ဖြဘုတ္မွာ ဆယ္လီျဖစ္နည္းဆိုတာ ဆက္ေျပာရင္ အရွည္ႀကီးပါဘဲ။ ကိုယ္သိခ်င္တဲ့ အရာကိုသာ comment ေပးသြားလိုက္ပါ။ OP တို႔ကေတာ့ ျပန္ေျဖေပးပါမယ္။ OP တို႔ေျပာတဲ့အတိုင္း မလိုက္နာဘဲ သာမန္အသုံးျပဳေနမယ္ဆိုရင္ ဖြဘုတ္မွာ ဆယ္လီျဖစ္ဖို႔ ၁၀ ႏွစ္ႀကိဳးစားတာေတာင္ မရပါဘူး။ OP ရဲ႕ လမ္းၫႊန္ခ်က္အတိုင္းသာ တစ္ေဝမသိမ္းလိုက္နာမွာဆိုရင္ ေနာင္တစ္ေခတ္ရဲ႕ ဖြဘုတ္ဆယ္လီျဖစ္လာႏိုင္ပါတယ္။ အခ်ိန္သိပ္မရလို႔ OP ဒီေလာက္ေလးဘဲေရးေတာ့မယ္ေနာ္။ Selfie တစ္ပုံေလာက္ဆြဲၿပီး ဖြဘုတ္မွာ သြားတင္လိုက္အုံးမယ္ သက္လား၊ အသည္းတုံးတို႔ အာဘြား.. 😛

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: