Home News ATM စက်အား Malware သွင်းရန်ကြိုးစားသော ယူကရိန်း ဟက်ကာအား ဘန်ကောက်ရဲများမှ ဖမ်းဆီး

ATM စက်အား Malware သွင်းရန်ကြိုးစားသော ယူကရိန်း ဟက်ကာအား ဘန်ကောက်ရဲများမှ ဖမ်းဆီး

0
ATM စက်အား Malware သွင်းရန်ကြိုးစားသော ယူကရိန်း ဟက်ကာအား ဘန်ကောက်ရဲများမှ ဖမ်းဆီး

ATM ငွေထုတ်စက်တွေကနေ ပိုက်ဆံတွေအလိုအလျောက်ထွက်လာအောင် လုပ်တဲ့ဒုစရိုက်မှုတွေက တစ်ကမ္ဘာလုံးမှာ ကြုံတွေ့နေရပါတယ်။ ယခုလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲ့ Shopping Mall တစ်ခုမှာ အသက် ၃၁ နှစ်အရွယ်ရှိတဲ့ ယူကရိန်းနိုင်ငံသား ဟက်ကာတစ်ယောက် က credit card အတုတွေနဲ့ ATM စက်ကနေ ပိုက်ဆံထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဘန်ကောက်ရဲ များက အဆိုပါ ဟက်ကာအား အချိန်မှီဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးတဲ့အခါ ဘန်ကောက်မြို့မှာ ရှိတဲ့ ATM စက်တွေရဲ့ အချက်အလက်တွေ သိမ်းဆည်းထားတဲ့ Laptop တစ်လုံးနဲ့ Credit Card အတု ၅၆ ကဒ်ကို တွေ့ရပါတယ်။ တွက်ဆိုချက်များအရ အဆိုပါ credit card အတုတွေကို ဥရောပနဲ့ အမေရိကန်မှာ ရှိတဲ့ credit card အတုဖန်တီးတဲ့ မာဖီးယားအဖွဲ့အစည်းက ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ ဟက်ကာရဲ့ ကွန်ပြူတာထဲမှာ ATM စက်ကို တိုက်ခိုက်နိုင်တဲ့ malware လို့ယူဆရတဲ့ ဖိုင်တွေကို တွေ့ရှိရတယ်လို့ သိရပါတယ်။ အဆိုပါ malware ဟာ ATM စက်တစ်ခုထဲတင်မဟုတ်ဘဲ ATM ကွန်ရက် တစ်ခုလုံးကို တိုက်ခိုက်နိုင်တာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: