
ဘုရားသုံးဆူတောင်ကြားရှိ NMSP/MNLA တို့၏ အခွန်ကောက် ဂိတ်၂ခုအား တပ်မတော်မှ သိမ်းလိုက်ပြီးနောက် စစ်ရေးအခြေအနေ တင်းမာမှုများ ရှိခဲ့ပြီး မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် ဆွေးနွေးရင်း ပြေလည်မှုအချို့ရရှိခဲ့ ကြောင်း သိရှိရသည်။ အပစ်အခတ်ရပ်စဲမှု စာချုပ်ပါအတိုင်း နေရာများကို ပြန်လည်ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
နှစ်ဖက်တွေ့ဆုံရာတွင် တပ်မတော်မှ NMSP အား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) သဘောတူစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးပေးရန် တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။ NMSP ဥက္ကဌ နိုင်ထောမွန် မှ တပ်မတော်ထံ စာပို့ခဲ့ပြီး နှစ်ဦးနှစ်ဖက်ပြေလည်မှုရရှိရေးနဲ့ ၂၁ရာစု ပင်လုံညီလာခံ ကို အားလုံးပါဝင်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။ တပ်မတော်မှ နေရာယူထားသော ဘုရားတောင်ဂိတ်အား ပြန်ပေးအပ်မည် မဟုတ်ဘဲ ကျန်ရှိသော အချက်များအား အပစ်အခတ်ရပ်စဲရေးစာချုပ်ပါအတိုင်း ဆောင်ရွက်မည်ဟု သိရသည်။
NMSP/MNLA အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးစာချုပ် ( NCA) လက်မှတ် ထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းလည်း ဖြစ်သည်။