Home News iOS နဲ့ macOS တို့ရဲ့ အနာဂတ်ကို ဂျွန်လမှာ ကြေငြာမယ်လို့ပြောလိုက်တဲ့ Apple

iOS နဲ့ macOS တို့ရဲ့ အနာဂတ်ကို ဂျွန်လမှာ ကြေငြာမယ်လို့ပြောလိုက်တဲ့ Apple

0
iOS နဲ့ macOS တို့ရဲ့ အနာဂတ်ကို ဂျွန်လမှာ ကြေငြာမယ်လို့ပြောလိုက်တဲ့ Apple

ဂျွန်လ ၅ ရက်နေ့မှာ ကျင်းပမယ့် Word Wide Developer Conference မှာ Apple က iOS နဲ့ macOS တို့ရဲ့ အနာဂတ်ပြုပြင်ပြောင်းလဲချက်တွေကို ကြေငြာသွားမှာ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။ Apple မှ executives officers များနဲ့ အင်ဂျင်နီယာများမှ ပြောသွားမှာ ဖြစ်ပြီး မတ်လ ၂၇ ရက်နေ့မှာ WWDC ပွဲကိုတက်ဖို့ မှတ်ပုံတင်နိုင်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အဆိုပါ WWDC ပွဲနဲ့ပတ်သတ်ပြီး Apple က

” ကျွန်ုပ်တို့ဟာ နည်းပညာသီးသန့်တစ်ခုထဲဆို မဟုတ်သေးပါဘူး၊ နည်းပညာဆိုတာ ကျယ်ဝန်းတဲ့ အနုပညာဆန်မှုတွေ၊ လူသားဆန်မှုတွေပါဝင်နေပြီး ကျွန်ုပ်တို့ပတ်ဝန်းကျင်တိုးတက်ဖို့ အတွေ့အကြုံနဲ့ စိတ်ကူးစိတ်သန်းတွေပါဝင်ရတာ ဖြစ်ပါတယ်။ ဒီနွေဦးကာလ အချိန်မှာ ကျနော်တို့ဟာ မတူကွဲပြားခြားနားပြီး ဆန်းသစ်လှတဲ့ တီထွင်ဆန်းသစ်မှုတွေ၊ စိတ်ကူးစိတ်သန်းတွေကို အတူတစ်ကွလုပ်ဆောင်သွားမှာ ဖြစ်ပြီး ဒါတွေဟာ ကမ္ဘာကြီးတိုးတက်ပြောင်းလဲမှုအတွက် ဖြစ်ပါတယ်။ ” လို့ WWDC ပွဲကို အဆိုပါ စာသားလေးနဲ့ တက်ရောက်ဖို့ ဆွဲဆောင်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: