Home News မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ အကို ကင်ဂျုံနမ် မလေးရှားတွင် လုပ်ကြံသတ်ဖြတ်ခံရ

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ အကို ကင်ဂျုံနမ် မလေးရှားတွင် လုပ်ကြံသတ်ဖြတ်ခံရ

0
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ အကို ကင်ဂျုံနမ် မလေးရှားတွင် လုပ်ကြံသတ်ဖြတ်ခံရ

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအန်း ရဲ့ ဖအေတူမအေကွဲ အကိုတော်စပ်သူ ကင်ဂျုံနမ် တစ်ယောက် မလေးရှားတွင် လုပ်ကြံသတ်ဖြတ် ခံရကြောင်း သိရှိရပါတယ်။ အဆိုပါ သတင်းကို တောင်ကိုးရီးယားမှ အတည်ပြုပေးခဲ့ပြီး ကင်ဂျုံနမ် မှာ မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့ လေဆိပ်မှာ အဆိပ်ဖြင့် လုပ်ကြံခံရခြင်း ဖြစ်ပါတယ်။ လက်ရှိမှာ တရားခံကို စုံစမ်းနေဆဲ ဖြစ်ပြီး မည်သူ မည်ဝါ ဖြစ်ကြောင်း မသိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ကင်ဂျုံနမ် သည် ကွယ်လွန်သူ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအီ ၏ သားအကြီးဆုံးဖြစ်ပြီး တစ်ချိန်က မြောက်ကိုးရီးယားရဲ့ ခေါင်းဆောင် အဖြစ် လျာထားခံရခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ပတ်စပို့အတုနဲ့ ဂျပန်နိုင်ငံ သွားရောက်လည်ပတ်မှုကြောင့် မြောက်ကိုးရီးယားခေါင်းဆောင်အဖြစ် လျာထားခြင်းကို ရုတ်သိမ်းခြင်း ခံခဲ့ရခြင်း ဖြစ်ပြီး ညီငယ် ကင်ဂျုံအန်း က ရာထူးဆက်ခံသွားခြင်း ဖြစ်သည်။

အမေရိကန်ကမူ အဆိုပါ လုပ်ကြံသတ်ဖြတ်မှုသည် မြောက်ကိုးရီးယား၏ လက်ချက်ဖြစ်သည်ဟု သံသယရှိသည်ဟု ဆိုသည်။ ကင်ဂျုံနမ်သည် လွန်ခဲ့သော ယခင်ကလည်း မြောက်ကိုးရီးယား၏ ပစ်မှတ်ထဲတွင် ပါဝင်ခဲ့ပြီး သူ၏ ၂၀၁၂ ခုနှစ်ထုတ် စာအုပ်ထဲတွင် လက်ရှိအုပ်ချုပ်နေသော မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန် သည် ခေါင်းဆောင်တစ်ယောက်၏ အရည်အချင်းမျိုး မရှိကြောင်း ရေးသားခဲ့သည်။ ထို့အပြင် မြောက်ကိုးရီးယား၏ အုပ်ချုပ်မှု စနစ်ကို ဆန့်ကျင်သော သူ တစ်ယောက်လဲ ဖြစ်သည်။ လူသတ်သမားမှာ ကင်ဂျုံနမ်ကို အဆိပ်အပ်ဖြင့်ထိုး၍ သတ်သွားသည်ဟု လေဆိပ်တွင် ရှိသော သူများက မှတ်ချက်ပေးကြသည်။ မျက်နှာ်ကို အဆိပ်ဖြင့်ပျက်ဖြန်း၍ သော်လည်းကောင်း၊ အဆိပ်အပ်ဖြင့် ထိုးသတ်၍သော်လည်းကောင်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုထားကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: