
Xiaomi ဟာ Android စမတ်ဖုန်းစတင်ထုတ်လုပ်ရာကနေ အချိန်တိုအတွင်းမှာ တစ်ဟုန်ထိုး နာမည်ကြီးနေရာရလာတာ ဖြစ်ပြီး အားသာချက်တော့ ဈေးနှုန်းမြင့်တဲ့ ဖုန်းတွေမှာ ပါရှိတဲ့ feature တွေကို ဘတ်ဂျက်ဖုန်း အဖြစ် ထုတ်လုပ်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ IDC ရဲ့ ထုတ်ပြန်ချက်များအရ Xiaomi ဟာ အိန္ဒိယနိုင်ငံမှာ ဒုတိယ အရောင်းရဆုံး စမတ်ဖုန်းရောင်းချသူ ကုမ္ပဏီဖြစ်လာပြီး ပြီးခဲ့တဲ့ ၆လအတွင်းမှာ Redmi 3s စမတ်ဖုန်းကို အလုံးရေ ၃ မီလီယံ ကျော် စံချိန်တင်ရောင်းချခဲ့ရပါတယ်။ ဒါ့အပြင် Xiaomi ဟာ အိန္ဒိယနိုင်ငံတစ်ခုလုံးမှာရှိတဲ့ စမတ်ဖုန်းဈေးကွက်ရဲ့ ၁၀.၇ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး ယခင်နှစ်ထက် ၃.၃ရာခိုင်နှုန်း ဈေးကွက်ပိုမိုရရှိလာတာဖြစ်ပါတယ်။
၂၀၁၄ခုနှစ်ထဲက အိန္ဒိယနိုင်ငံ စမတ်ဖုန်းဈေးကွက်ကို Xiaomi ဟာ Samsung ၏ အနောက်မှ ကပ်လိုက်နေခဲ့ပြီး အချိန်တိုအတွင်းမှာ Samsung နဲ့အတူ ဈေးကွက်ကို ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ထူးခြားဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေကို ဘတ်ဂျက်ဖုန်းတွေမှာ အသုံးပြုလို့ရအောင် ထုတ်လုပ်ပေးလိုက်တဲ့ Xiaomi ကြောင့် အိန္ဒိယနိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်ထဲမှာ လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သေးပါတယ်။ ယခုချိန်မှာတော့ Xiaomi ဟာ အိန္ဒိယနိုင်ငံမှာ အမာခံ စမတ်ဖုန်း ပရိတ်သတ် အခိုင်အမာရရှိနေပြီ ဖြစ်ပါတယ်။