Home Knowledge Inspiration ဒေါ်နယ်ထရမ့် ရရှိခဲ့တဲ့ မိဘတွေဆီက အကောင်းဆုံးအကြံဉာဏ်

ဒေါ်နယ်ထရမ့် ရရှိခဲ့တဲ့ မိဘတွေဆီက အကောင်းဆုံးအကြံဉာဏ်

0
ဒေါ်နယ်ထရမ့် ရရှိခဲ့တဲ့ မိဘတွေဆီက အကောင်းဆုံးအကြံဉာဏ်

မကြာသေးသောကာလမှစပြီး ထရမ့် တစ်ယောက် ဘီလီယံနာသူေဋ္ဌးဘဝကနေ ကမ္ဘာပေါ်မှာ ပါဝါအကြီးဆုံးသော သမ္မတ တစ်ဦးဖြစ်လာခဲ့ပါပြီ။ ကမ္ဘာ့လူထုအတော်များများက ဖြစ်နိုင်လိမ့်မည်မဟုတ်ဟု တွေးထင်ထားကြသည့်ကြားက မဲအသာရကာ အောင်ပွဲခံခဲ့သည်။ ယခုအခါမှာတော့ ပါဝါအရှိဆုံးလူသားတစ်ဦးအဖြစ် ကမ္ဘာ့ သတင်းစာမျက်နှာပေါ်မှာ စက္ကန့်မလပ် ရေးသားဖော်ပြနေကြသည်။

အမှန်မှာ ထရမ့် ယခုအခြေအနေထိ ရောက်လာခဲ့သည့် အကြောင်းရင်းပေါင်းများစွာထဲမှ အဓိက အကြောင်းရင်းတစ်ခုက သူ့မိဘနှစ်ပါး၏ လမ်းညွှန်မှုကြောင့်ပင်ဖြစ်သည်။ သူ့မိဘနှစ်ပါးအနက် မိခင်မှာ အိမ်တော်တာဝန်ကို အထူးကျေပြွန်အောင်ထိန်းသိမ်းနိုင်သူဖြစ်သည်။ ဖခင်မှာ အိမ်ခြံမြေလုပ်ငန်းရှင်ဖြစ်သည့်အတွက် ဖခင်၏စီးပွားရေးအသိဉာဏ် အတော်များများကို ထရမ့် အမွေရခဲ့၏။ ထရမ့် သမ္မတမဖြစ်မီ အင်တာဗျူးတစ်ခုတွင် မေးခွန်းမေးသူက “ခင်ဗျားငယ်စဉ်ကတည်းက မိဘတွေ ဆိုဆုံးမခဲ့တယ်။ အကြံဉာဏ်တွေပေးခဲ့ကြတယ်။ အဲ့ဒီအကြံဉာဏ်တွေထဲမှာ အကောင်းဆုံး အကြံဉာဏ်ကဘာလဲ” ဟုမေးခဲ့ပါတယ်။ ထရမ့်က “ပေးခဲ့တဲ့အကြံဉာဏ်တွေကတော့အမျိုးမျိုးပေါ့။အမေက အိမ်ထောင်ထိမ်းအရမ်းတော်တာ။ အမေကတော့ ‘ပျော်အောင်နေ’ လို့ အမြဲပြောပါတယ်။အမေက ကျွန်တော့်ကို ပျော်စေချင်တာ။ အဖေကတော့ ကျွန်တော့်ကို ပို နားလည်တဲ့လူဆိုတော့ ‘ငါ မင်းကို အောင်မြင်စေချင်တယ်’လို့ပြောပါတယ်။ အဖေက နည်းနည်းခက်ထန်ပေမယ့် ကျွန်တော့်ကို ကြိုးစားဖို့ တွန်းအားတွေပေးတဲ့သူပါ။ အဖေက ကျွန်တော် နှစ်သက်သဘောကျတဲ့အလုပ်ကိုပဲ အမြဲလုပ်ဖို့ပြောပါတယ်။ခုတော့ ကျွန်တော်ပျော်ပါတယ်။ မိဘတွေဖြစ်စေချင်တာလည်းဖြစ်ခဲ့ပြီလေ” ဟုပြောခဲ့ပါသည်။

အမှန်မှာ သူ့မိဘတွေဆီက ထရန့်ရခဲ့သည့် အကြံဉာဏ်က လောကလူသားတစ်ယောက်အတွက် အင်မတန်အရေးပါ၏။ လူသားများသည် ဘဝမှာအောင်မြင်ဖို့ကြိုးစားကြပါသည်။ အောင်မြင်မှု ရလာသည့် အခါလည်း ပျော်အောင်နေတတ်သူက အင်မတန်နည်းပါသည်။ ထို့ကြောင့်လည်း သူ့အမေ၏ ပျော်အောင်နေ ဟူသော ဆုံးမစကားက သူ့အတွက် အကောင်းဆုံးဖြစ်ခဲ့သည်။  ထိုသို့ပျော်အောင်နေနိုင်ရန် သူ့အဖေ၏ နှစ်သက်သဘောကျသည့်အလုပ်ကို လုပ် ဟူသော စကားက လုပ်ကွက်ကိုချပြခဲ့သည်။ ထိုနှစ်ခုပေါင်းပြီး အောင်မြင်မှု ပန်းတိုင်ဆီ ချီတက်ခဲ့သည်။ ယခုအခါ မိဘတို့ ဆုံးမခဲ့သည့်အတိုင်း ထရမ့် အကောင်အထည်ဖေါ်နိုင်ခဲ့ပါပြီ။ နိဂုံးချုပ်ပါမည်။ ထရမ့်က သူ့မိဘများပေးခဲ့သည့် အကောင်းဆုံး အကြံဉာဏ်မှာ ပျော်အောင်နေပြီး နှစ်သက်သဘောကျသည့်အလုပ်ကို လုပ်ပါဟူသောအကြံဉာဏ်ဖြစ်၏။ သင့်အတွက် ထိုအကြံဉာဏ် ကောင်းမကောင်းကို သင်ဆုံးဖြတ်ရပါမည်။ ထရမ့် ကမူ သင်သိသည့်အတိုင်းပင်၊ဆူပါပါဝါအမေရိကန်၏သမ္မတဖြစ်နေပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: