Home Entertainment Valentine Day မှာ Single အဖြစ် ဂုဏ်ယူလိုက်ပါ

Valentine Day မှာ Single အဖြစ် ဂုဏ်ယူလိုက်ပါ

0
Valentine Day မှာ Single အဖြစ် ဂုဏ်ယူလိုက်ပါ

ချစ်သူများနေ့မှာ ရည်းစားမရှိလို့ စိတ်ညစ်နေတာလား။ ဒါ စိတ်ညစ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ ဂုဏ်ယူရမယ့် ကိစ္စလို့တောင် ပြောလို့ရပါတယ်။ သူများစုံတွဲတွေကို အပြင်ပန်းကြည့်ပြီး အားမကျလိုက်ပါနဲ့။ အားလုံးမှာ ကိုယ့်ပြဿနာနဲ့ ကိုယ်ပါ။ ကဲ ဘာကြောင့် Single တွေ အနေနဲ့ V Day မှာ ဂုဏ်ယူသင့်တာလဲ။ ဖတ်ပြီးရင် ပြန် ရှယ်ပေးဖို့ မမေ့နဲ့နော်။

၁။ ကိုယ့်ကို FA လို့ပြောတဲ့သူတွေဟာ ဉာဏ်စဉ်မှီတဲ့သူတွေ မဟုတ်ပါဘူး။

ကိုယ့်ဘေးနားမှာ စကီလေးတွေ၊ ဘဲလေးတွေ မရှိရင် အချို့သော သူများက ကိုယ်တွေကို Forever Alone (FA) လို့ ခေါ်ကြပါတယ်။ အမှန်တော့ ကိုယ်တွေကို FA လို့ပြောတဲ့သူတွေဟာ ဉာဏ်စဉ်မမှီကြတာများပါတယ်။ ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်းမြင်တတ်တဲ့ ကိုယ်တွေလို ဉာဏ်ကြီးတဲ့သူအဖို့ကတော့  V Day ဟာ ရင်ခုန်ဖွယ်ရာမဟုတ်ပါဘူး။ ဒါကို ကိစ္စကြီးတစ်ခုလိုမှတ်ယူပြီး ကမ္ဘာကြီးဖြစ်နေကြတဲ့သူတွေကတော့ ဉာဏ်စဉ်မမှီတဲ့စာရင်းထဲ ထည့်ရမှာ စိတ်တော့မကောင်းပါဘူး။ ဒါပေမယ့် ဒါ အမှန်တရားဖြစ်ပါတယ်။

၂။ အချိန်ကုန်သက်သာပါတယ်။

ဟုတ်တယ်လေ၊ မြန်မာနိုင်ငံက တောင်ကိုးရီးယားလိုမျိုး အေးမြတဲ့ ရာသီဥတုရှိတဲ့နိုင်ငံမှ မဟုတ်တာ။ နွေခေါင်ခေါင်မှာ လသာတဲ့နေ့က  V Day လို့ပြောရင်မမှားပါဘူး။ အမှန်တော့ ဝိပ္ပံလာသ ဖြစ်နေတာပါ။ ဝိပ္ပံလာသ ဆိုတာ အမြင်မှား၊ အမှတ်မှား၊ အယူမှား တာကို ပြောတာပါ။ ဝိပ္ပံလာသ ကို အတိအကျအားဖြင့် ၁၂ မျိုးရှိပေမယ့် ဒါတွေကို RS သမားတွေ ဒီချိန်မှာ နားလည်ဖို့ ဉာဏ်စဉ်မမှီသေးပါဘူး။ စိတ်တော့မဆိုးပါနဲ့။ ဒါ အရှိတရားပါ။ Single သမားတွေကတော့ အေးဆေးပါဘဲ ဒီအချိန်မှာ အေးဆေး ကော်ဖီလေးသောက်ပြီး ဗဟုသုတ ရှာဖွေဖို့ စာအုပ်ဖတ်မလား၊ အပန်းပြေ ရုပ်ရှင်ကြည့်မလား၊ ဒါမှမဟုတ် အလုပ်ကိုဘဲ အာရုံစိုက်မလား၊ အချိန်ကို အကျိုးရှိရှိ ကုန်လွန်စေပါတယ်။ ဘေးနားမှာ တစ်တွတ်တွတ်နဲ့ နားပူမယ့်သူမရှိတော့ Single ဘဝကြီးဟာ သာယာမှုတွေနဲ့ ပြည့်နေပါတယ်။

၃။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ချောကလက်ဝယ်စားနိုင်ပါတယ်။

ချောကလက်လေးစားဖို့  V Day အမှီ ရည်းစားထားတာ ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်စားလဲ ရတဲ့ အပြင် အရသာကလဲ ဒီထက်ပိုပြီး ထူးမသွားပါဘူး။ Single ဖြစ်တဲ့အတွက် ချောကလက်စားရင်တောင် တစ်ယောက်ထဲစာဘဲ ကုန်မှာပါ။ ချောကလက် မဝယ်စားနိုင်လို့ RS တွဲတဲ့သူတွေကိုတော့ ဒီနေရာမှာ ထည့်မပြောတော့ပါဘူး။

၄။ ဒီချိန်မှာ Single ဖြစ်နေတာ နောင်တစ်ချိန်ဒီထက်တန်ဖိုးကြီးတဲ့အရာကို စောင့်နေတာပါ။

ဒီချိန်မှာ Single ဖြစ်နေတာ ကောင်းပါတယ်။ ကိုယ့်မှာ ရေရာမှုမရှိဘဲ V Day အတွက်မျက်နှာပန်းလှမယ်ထင်လို့ RS တွဲတဲ့သူတွေဟာ ပိုက်ဆံမရှိဘဲ ရှေးဟောင်းပစ္စည်း ကြီးဝယ်လိုက်သလိုပါဘဲ။ မော်ဒယ်သစ် လိုချင်ရင် နောက်မှဝယ်ပါ။ နောက်ဆုံးပေါ်တွေက ပိုကောင်းတယ်ဆိုတာ လက်ခံတယ်မဟုတ်လား၊ ဟင်း ဟင်း ဟင်း၊ ဒါတွေကို ပေါ်ပင် RS တွေနားလည်အောင် ရှင်းပြလို့မရဘူးဆိုတာ။

၅။ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အချိန်ပိုပေးနိုင်ပါတယ်။

အချို့က သိတယ်ဟုတ်လား၊ အစကတော့ သူငယ်ချင်း၊ ဘာဖြစ်တယ် ညာဖြစ်တယ် ၊ ဘေးနားမှာ စကီလေးတွေ၊ ဘဲလေးတွေ လဲရတော့ ဘဲဥ ဥသလိုဘဲ၊ ဥချင်တဲ့နေရာ ဥပြီး ပြန်တောင် လှည့်မကြည့်တော့တဲ့သူမျိုးတွေဆိုတာ များမှများ၊ ဒါပေမယ့် ကိုယ်တွေက Single ဆိုတော့ သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ အချိန်ကို အကျိုးရှိရှိကုန်ဆုံးစေတယ်။ Single တွေက ဘဲဥ ဥ သလိုမျိုး လှည့်မကြည့်တတ်တဲ့သူမျိုးမဟုတ်ပါဘူး။

၆။ နားပူမယ့်သူ မရှိပါဘူး။

RS သမားတွေက နားပူနားဆာဒဏ်ကို ခံစားနေရတဲ့အချိန် Single သမားတွေကတော့ သာသာယာယာပါဘဲ။ ကိုယ်မလုပ်ချင်လဲ လုပ်ရ၊ မသွားချင်လဲ သွားရ၊ မစားချင်လဲ စားရ၊ ကြိုးဆွဲရာကနေရတဲ့ RS သမားတွေ ဝေဒနာဖိစီးနေချိန်မှာ Single သမားတွေက ကိုယ်လုပ်ချင်တာ လုပ်ရ၊ စားချိန်မှန်၊ အိပ်ချိန်မှန် နဲ့ မသိရင် ကိုယ်ပိုင် ကမ္ဘာကြီးဖန်ဆင်းထားသလို ဖြစ်နေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: