Home Knowledge အံ့သြစရာ စီးပွားရေးမြို့တော် ရန်ကုန်

အံ့သြစရာ စီးပွားရေးမြို့တော် ရန်ကုန်

0
အံ့သြစရာ စီးပွားရေးမြို့တော် ရန်ကုန်

လွတ်လပ်ရေးရပြီးကတည်းက ယမ်းငွေ့တွေဝေနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံတော်ကြီးမှာ ရန်ကုန်ဆိုတာ တစ်ချိန်က မြို့တော်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ နေပြည်တော်ရယ်လို့ အုပ်ချုပ်ရေး မြို့တော်သစ်ကြီး ပေါ်ပေါက်လာတဲ့အခါမှာတော့ ယခင်က မြို့တော်ရန်ကုန်ဟာ နိုင်ငံရဲ့စီးပွားရေးမြို့တော်ဖြစ်လာခဲ့ပါတယ်။ ၁၉၆၂ ကစပြီး  ကိုယ့်နည်းကိုယ်ဟန် ဆိုရှယ်လစ်စနစ်ကို ထူထောင်ခဲ့ကြတယ်။၂၆ နှစ်အကြာမှာတော့ နိုင်ငံလည်းမွဲပြာကျခဲ့ရသလို မြို့တော်ရန်ကုန်ဟာလည်း  ညစ်ပတ်စုတ်ပြတ်နေတဲ့ မြို့တော်တစ်ခုဖြစ်ခဲ့ရပြန်ပါတယ်။ ၁၉၈၈ မှ စပြီး စီးပွားရေးပုံစံသစ်ကို စတင်လုပ်ဆောင်ခဲ့ကြပြန်တယ်။ စီးပွားရေးအတွေ့အကြုံတွေနဲ့ နှစ်ပေါင်းများစွာကင်းကွာလာခဲ့ကြရတဲ့ ပြည်သူအများစုကလည်း ဝယ်ရောင်း လောက်ကိုသာ စီးပွားရေးထင်ပြီး၊ရွှေ၊ဒေါ်လာနဲ့ အိမ်ခြံမြေဝယ်ရောင်းတွေကို လုပ်ကိုင်ခဲ့ကြတယ်။ ငွေကြေးဖောင်းပွမှုနဲ့အတူ၊ အိမ်ခြံမြေဈေးတွေ၊ စားသောက်ကုန်နဲ့၊ လူသုံးကုန်ဈေးနှုန်းတွေဟာလည်း တစ်ရှိန်တည်းထိုးတက်လာခဲ့ပါတယ်။

ခုအချိန်ခါမှာတော့ ရန်ကုန် စီးပွားရေးမြို့တော်ဟာ ကမ္ဘာ့အလယ်မှာ အံ့သြစရာမြို့တော်တစ်ခုဖြစ်ခဲ့ရပါပြီ။ ဘာကြောင့်လဲ။ လူနေမှု စရိတ်စကမြင့်မားလွန်း နေတာကြောင့်ပါ။၂၀၁၆ ခုနှစ်မှာ MERCER ကထုတ်ပြန်တဲ့ ကမ္ဘာ့ မြို့ကြီးတွေရဲ့ လူနေမှု စရိတ် ညွှန်းကိန်းမှာ အဆင့် ၃၉ သတ်မှတ်ခံရပြီး အဆင့် ၃၈ သတ်မှတ်ခံရတဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်နီးနီး မြင့်မားနေတာပါပဲ။ အိမ်နီးချင်းထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ထက် ၂၃% ပိုကြီးမြင့်ပြီး အမေရိကန်နိုင်ငံ ဘော်စတွန်ထက်တောင်ကြီးမြင့်နေပါတယ်။ ၂၀၁၅ မှာတော့ အညွှန်းကိန်း ၂၈ အထိ ကြီးမြင့်ခဲ့ပါတယ်။ အသေးစိတ်ကိုတော့ MRECER ထဲမှာဝင်ရောက်လေ့လာနိုင်ပါတယ်။ နောင်ကော ရန်ကုန်မြို့တော်ရဲ့ လူနေမှုစရိတ် က ဘာတွေဖြစ်လာမလဲဆိုတာကတော့ လက်ရှိအစိုးရရဲ့ စွမ်းဆောင်ရည်ပေါ်မှီတည်နေတယ်လို့ ဆိုချင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: