Home Lifestyle Food အုန်းရည်ကို နေ့စဉ်သောက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ

အုန်းရည်ကို နေ့စဉ်သောက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ

0
အုန်းရည်ကို နေ့စဉ်သောက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ

အုန်းပင်နဲ့ အုန်းသီးဆိုတာ လူသားတွေရှိတဲ့ နေရာတိုင်းမှာ ရှိနေတတ်ပါတယ်။ အနီးဆုံးမှာရှိနေတဲ့ အုန်းသီးရဲ့ ကောင်းကျိုးကို ကောင်းစွာမသိတဲ့အတွက် အုန်းသီးကို သာမန် မုန့်ပဲသရေစာ လုပ်ရုံသာ သုံးကြတာ များပါတယ်။

တကယ်တော့ အုန်းသီးရဲ့ အတွင်းမှာ ထူးဆန်းအံ့သြစရာအဖြစ်တည်ရှိနေတဲ့ အုန်းသီးရည်ဟာ လူသားတွေရဲ့ကျန်းမာရေးအတွက် အင်မတန်အကျိုးပြုတဲ့ အာဟာရတစ်ခုဖြစ်ပါတယ်။ ဒီလိုအကျိုးများတဲ့ အုန်းသီးရည်ကို တစ်ပတ်လုံးလုံး နေ့စဉ်ဆက်သောက်ပါက အောက်ပါကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

(၁) ကိုယ်ခံအားကောင်းစေတယ်။

  ကိုယ်ခနာအတွင်းက ဘက်တီးရီးယားတွေကိုဖယ်ရှားပေါ်နိုင်တယ်။

(၂) ရွှင်လန်းတက်ကြွစေတယ်။

    သိုက်ရွိုက်ဂလင်းဟော်မုန်းကိုအားပေးပြီးဆဲလ်တွေကို စွမ်းအားဖြစ်စေတယ်။

(၃) ကိုယ်တွင်းအဂါတွေကိုသန့်စေတယ်။

ကိုယ်တွင်းအဂါတွေရဲ့အဆိပ်အတောက်တွေကိုရှင်းပေးနိုင်တယ်။ဆီးလမ်းကြောင်းမှာကျောက်တည်တာကို ချေဖျက်နိုင်တယ်။ကျောက်ကပ်ကိုသန့်စေတယ်။ဆီးကိုရွှင်စေတယ်။သဲခြေကိုလည်းကောင်းစေတယ်။

(၄) အစာချေဖျက်မှုကို ကောင်းစေတယ်။

    အစာချေဖက်မှုအတွက်အရေးပါတဲ့ အမျှင်ဓါတ်ကို ပေးစွမ်းနိုင်တဲ့အတွက် အစာချေဖျက်မှုကိုအားပေးတယ်။

(၅) ကိုယ်အလေးချိန်ကိုလျှော့ချနိုင်တယ်။

  အုန်းရည်မှာအဆီဓါတ်မပါဝင်တဲ့အပြင် အစာစားချင်စိတ်ကိုပါလျော့စေတဲ့အတွက် ကိုယ်အလေးချိန်ပါကျစေနိုင်ပါတယ်။

(၆) ခေါင်းကိုက်တာကိုသက်သာစေတယ်။

 ရေဓါတ်ကိုဖြည့်ပြီး pH ကို မျှစေတယ်။ ခေါင်းကိုက်တာကိုလည်းသက်သာစေပါတယ်။

(၇) အရေပြားကိုတောက်ပြောင်လှပစေတယ်။

    ရေဓါတ်ကိုပြည့်ဝမျှတစေတဲ့အတွက် အရေပြားကိုလှပစေပါတယ်။

(၈) နုပျိုစေတယ်။

အမြင်အာရုံကိုကောင်းစေတယ်။ရေတိမ်အတွက်ကောင်းပါတယ်။ နှလုံးတိုက်ခိုက်ခံရခြင်းမှာကာကွယ်ပေးနိုင်ပြီး အရွယ်တင်နုပျိုစေပါတယ်။

တကယ်အကျိုးပြုမပြု လက်တွေ့စမ်းကြည့်လိုက်ရင်မကောင်းဘူးလား။ အစာလည်းဆေး၊ဆေးလည်းအစာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: