Home News ခန္ဓာကိုယ်တစ်ခုလုံးက သွေးတွေတစ်နေ့ ၁၀ ကြိမ်ခန့် အလိုလိုထွက်နေတဲ့ အိန္ဒိယလူငယ်

ခန္ဓာကိုယ်တစ်ခုလုံးက သွေးတွေတစ်နေ့ ၁၀ ကြိမ်ခန့် အလိုလိုထွက်နေတဲ့ အိန္ဒိယလူငယ်

0
ခန္ဓာကိုယ်တစ်ခုလုံးက သွေးတွေတစ်နေ့ ၁၀ ကြိမ်ခန့် အလိုလိုထွက်နေတဲ့ အိန္ဒိယလူငယ်

အသက် ၁၃ နှစ်အရွယ်ရှိတဲ့ အိန္ဒိယလူငယ်လေးတစ်ယောက်ဟာ သူ့အသက် ၁၀ နှစ်ထဲက ခန္ဓာကိုယ်ကနေ သွေးတွေ စီးထွက်နေတဲ့ ဝေဒနာကိုခံစားနေရပါတယ်။ မျက်စိ၊နှာခေါင်း၊ ပါးစပ်နဲ့ ငယ်ထိပ်တွေကနေ သွေးတွေ ယိုစီးထွက်နေပြီး တစ်နေ့ကို ၁၀ ကြိမ်ခန့် ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ အိန္ဒိယတစ်နိုင်ငံလုံးမှာ ရှိတဲ့ ဆရာဝန်များလည်း မကုသနိုင်သေးတဲ့အပြင် အဖြေကို ရှာ၍ မရကြောင်း သိရပါတယ်။ ထို့အပြင် အဆိုပါ ဝေဒနာအတွက် ဆရာဝန်များ အနေဖြင့် ရောဂါအဖြေရှာမရ၍ ဆေးဝါးပေးခြင်း မပြုလုပ်ခဲ့ကြောင်းဝေဒနာခံစားနေရသူရဲ့ မိဘက ပြောခဲ့ပါတယ်။

အစပိုင်းမှာတော့ နှာခေါင်းသွေးယိုခြင်းလောက်သာ ဖြစ်ခဲ့ပြီး ရေဓာတ်ခမ်းခြောက်လို့ ဒီလို မကြာခဏဖြစ်တယ်လို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာ မျက်လုံးတွေ၊ နားတွေ၊ ပါးစပ်နဲ့ ငယ်ထိပ်တွေကနေ သွေးယိုစီးမှုအထိ ဖြစ်လာပါတယ်။ ဆရာဝန်တွေကတော့ haemolacria လို့ခေါ်တဲ့ ရောဂါနဲ့ ဆင်တူကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ haemolacria ဆိုတာ မျက်လုံးကနေ သွေးများယိုစီးတဲ့ ဝေဒနာဖြစ်ပြီး ဖြစ်ပွားသူ ရှားပါးပါတယ်။ လက်ရှိမှာ ကမ္ဘာအဝှမ်းမှာရှိတဲ့ ဆရာဝန်တွေကို အကူအညီတောင်းထားပြီး အဖြေရှာပေးဖို့ ဝေဒနာခံစားနေရသူရဲ့ မိဘများက တောင်းဆိုခဲ့ပါတယ်။

ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သူ အချို့ကတော့ ဒါဟာ ယေရှုခရစ်တော်ကို ကွပ်မျက်စဉ်ကာလက အားပေးအားမြှောက်ပြုခဲ့လို့ ဒီလိုပြန်ခံစားနေရတာလို့ဆိုပါတယ်။ ဒီလိုဝေဒနာမျိုးကို ကမ္ဘာပေါ်မှာခံစားနေရသူ လက်ချိုးရေတွက်လို့ရပါတယ်။ ဝေဒနာခံစားနေရသူ အိန္ဒိယလူငယ်လေးကတော့ သွေးတွေယိုစီးနေတဲ့အချိန် နာကျင်မှု မဖြစ်ပေမယ့် သွေးတွေက ပူနွေးနေပါတယ်။ ဒါပေမယ့် ပြီးသွားတဲ့အခါ ပင်ပန်းနေပြီး ခေါင်းတွေအရမ်းကိုက်တဲ့ဝေဒနာကို တော့ ခံစားရပါတယ်လို့ ပြောပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: