Home News အခွန်ရှောင်တဲ့သူတွေကို သတ်မယ်လို့ပြောတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး

အခွန်ရှောင်တဲ့သူတွေကို သတ်မယ်လို့ပြောတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး

0
အခွန်ရှောင်တဲ့သူတွေကို သတ်မယ်လို့ပြောတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး

ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဟာ မူးယစ်ဆေးဝါးအမှုတွေကို ကျောချမ်းစရာကောင်းလှအောင် အာဏာရှင်ဆန်ဆန်ဖြေရှင်းပြီးနောက် ဖိလစ်ပိုင်နိုင်ငံသားတို့ရဲ့ အားပေးထောက်ခံမှုတွေကိုလည်း ရထားသူ တစ်ယောက်လဲ ဖြစ်ပါတယ်။ လက်ရဲဇက်ရဲရှိလှတဲ့ သမ္မတ ဒူတာတေးရဲ့ စကားတစ်ခွန်းဟာလည်း လက်တွေ့မှာ အပြောနဲ့တင်မဟုတ်ဘဲ အလုပ်နဲ့လက်တွေ့ပြခဲ့တာလည်း ဖြစ်ပါတယ်။ ယခုလည်း ဒူတာတေးက ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ ပြောခဲ့ပါတယ်။ အစိုးရကို အခွန်မှန်မှန်မပေးဆောင်တဲ့ လုပ်ငန်းတွေကို သတ်ပစ်မယ်လို့ ပြောလိုက်ပါတယ်။

အစိုးရလုပ်ငန်းတွေဟာ အခွန်ငွေလိုအပ်နေတာကြောင့် မိမိပေးဆောင်ရမယ့် အခွန်ငွေတွေကို မှန်မှန်ပေးကြဖို့ ပြောလိုက်ပါတယ်။ ပေးဆောင်လိုက်ရတဲ့ အခွန်ငွေတွေဟာ တိုင်းပြည်အတွက် အသုံးချတာဖြစ်ပြီး အခွန်တွေပုံမှန်ဆောင်မှ အစိုးရအနေနဲ့ပြည်သူ့အလုပ်တွေကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်မှာ ဖြစ်ကြောင်းပြောခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ” ခွေးမသားတွေ၊ မင်းတို့ အခွန်ဆောင်ကြလေ။ အခွန်ရှောင်လို့ကတော့ သတ်ပစ်မှာ ” ဟု ပြောခဲ့သည်။ သို့သော်လည်း ဒူတာတေးက စကားအဆုံးမှာ ဒါကို အတည်မယူကြဖို့၊ ကုမ္ပဏီဆိုတာ ရာဇဝတ်သားတွေ မဟုတ်ကြောင်း ပြန်လည်ပြန်ပြောဆိုခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: