Home News မော်လမြိုင်-ချောင်းဆုံတံတားအမည်အား ရာမညတံတားဟု အမည်ပြောင်း

မော်လမြိုင်-ချောင်းဆုံတံတားအမည်အား ရာမညတံတားဟု အမည်ပြောင်း

0
မော်လမြိုင်-ချောင်းဆုံတံတားအမည်အား ရာမညတံတားဟု အမည်ပြောင်း

ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ မော်လမြိုင်-ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေး ဆိုင်းဘုတ်ဖွင့်ပွဲ လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် မွန်နိုင်ငံရေးပါတီ၊ မွန်သံဃာတော်များနဲ့ ဒေသခံတို့ရဲ့ ဆန္ဒပြမှုကြောင့် တံတားဆိုင်းဘုတ်တင်ပွဲအား ရပ်ဆိုင်းလိုက်ရပြီး နာမည်ကို ပြန်လည်ပြောင်းပေးမယ်လို့ မွန်ပြည်နယ်အစိုးရက ပြောလိုက်ပါတယ်။ မွန်ပြည်နယ်ဒေသနှင့် လိုက်ဖက်မှုရှိမည့် အမည်အား ပြည်နယ်အစိုးရမှ ဆုံးဖြတ်လိုက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် က ရာမည တံတားဟု အမည် ပြောင်းလဲပေးလိုက်ကြောင်း သိရပါတယ်။

အဆိုပါ ရာမညတံတားမှာ မတ်လတွင် ဆောက်လုပ်ပြီးစီးမည်ဖြစ်ပြီး တံတားအရှည် ၅၂၀၀ ပေနဲ့ ၂လမ်းသွား ဆောက်လုပ်ထားကြောင်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: