
Facebook မှ ချစ်သူများနေ့အတွက် Valentine Card feature ကို ယာယီလုပ်ဆောင်ချက်အနေနဲ့ထည့်သွင်း လိုက်ပါတယ်။ ကိုယ့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစု နဲ့ ချစ်သူအပါအဝင်အားလုံးကို Valentine Card လေးတွေလုပ်ပြီး ပို့နိုင်မှာပါ။ အဆိုပါ Feature ကို ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ စတင်ရရှိမှာ ဖြစ်ပြီး အဆိုပါကဒ် ဒီဇိုင်းများကို New York နဲ့ London မှ ပညာရှင်များက ရေးဆွဲဖန်တီးပေးထားတာ ဖြစ်ပါတယ်။