Home News မှော်သင်တန်းကျောင်းမှ ဆရာ နှစ်ဦးကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ရုံးတင်စစ်ဆေးမည်

မှော်သင်တန်းကျောင်းမှ ဆရာ နှစ်ဦးကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ရုံးတင်စစ်ဆေးမည်

0
မှော်သင်တန်းကျောင်းမှ ဆရာ နှစ်ဦးကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ရုံးတင်စစ်ဆေးမည်

အင်းစိန်မြို့နယ်၊ ပေါက်တော၀ အနီး ဖန်ချက်စက်ရုံလမ်း၊ မုဒိတာအိမ်ယာ (၂) ရှိ တိုက်ခန်းတွင် ဖွင့်လှစ်သင်ကြားခဲ့သော မှောပညာသင်တန်းကျောင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှု အမိန့်ဖြင့် ချိတ်ပိတ်ခဲ့ပြီး  သင်တန်းဖွင့်လှစ်သူ ဆရာ ၂ဦးကို အင်းစိန်မြို့ရဲစခန်းတွင် ဇန်နဝါရီ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့သည်။ မြန်မာ့လူမှု နေထိုင်မှုဘဝနှင့် ဆန့်ကျင်သော ပညာရပ်များကို သင်ကြာပေးသည့်အပြင်၊ ပတ်ဝန်းကျင်က လူများမှ သဘောမကျဘဲ စိတ်အနှောက်အယှက်ဖြစ်စေသည့်အတွက် တရားစွဲဆိုခံရခြင်း ဖြစ်သည်။

အဆိုပါ မှော်သင်တန်းကျောင်းဆရာနှစ်ဦးကို ယနေ့ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် ရုံးတင်စစ်ဆေးမှာ ဖြစ်မည်။ အသက် ၂၂ နှစ် ရှိသော ဟိန်းမင်းအောင် (ခ) လင်းညှိ့တာရာ နှင့် အသက် ၁၈ နှစ်အရွယ်ရှိသော ကျော်သီဟ (ခ) လပြည့်ဝန်း တို့ ၏ပြောကြားချက်များအရ အများထင်သလို အောက်လမ်းပညာမဟုတ်ကြောင်း၊ကောင်းကျိုးအတွက် အသုံးပြုနိုင်ကြောင်း၊ အာဖရိကဒေသမှ လာသော ဗူဒူးပညာရပ်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ သင်တန်း၏ သင်ရိုးများတွင် အရှေ့တိုင်း ရုပ်သွင်း နာမ်သွင်းပညာ၊ မြန်မာ့ရိုးရာ ဓာတ်တိုက်နှင့် နတ်ပညာ၊ အရုပ်ပညာ၊ အပ်စိုက် နှင့် နာမ်သွင်းဆေးပညာ၊ သပြေချိုး အခုတ်၊ ကာကွယ်ခြင်းနှင့် ပြုစားခြင်း ပညာရပ်တို့ကို သင်ကြားပြီး သင်တန်းသား တစ်ဦးလျှင် ကျပ် ၃သောင်းဖြင့် သင်ကြားပို့ချခဲ့သည်။ သင်တန်း အပတ်စဉ် (၁) ပို့ချပြီးနောက် အပတ်စဉ် (၂) စတင်ချိန်တွင် ဖမ်းဆီးခံရခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: