
ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ အခြားတစ်ယောက်နဲ့ ဖောက်ပြားနေစဉ် ၎င်းရှိရာနေရာသို့ အိမ်မှ မိန်းမ သိသွားသဖြင့် Uber App အား တရားစွဲလိုက်သည်။ အဆိုပါ ပြင်သစ်နိုင်ငံသားမှာ ၎င်း၏မိန်းမ ဖုန်းအား ငှားကာ Uber App မှ Login ဝင်ပြီး logout ပြန်ထွက်ရန် မေ့ပြီးနောက် Uber မှာ ခရီးစဉ်နှင့် ရောက်ရှိရာနေရာသို့ ဖုန်းထဲတွင် ဖော်ပြနေသောကြောင့် သူ၏ အိမ်ထောင်ရေးဖောက်ပြားမှုကို သိသွားရခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် အိမ်ထောင်ရေးကွာရှင်းမှု ဖြစ်သွားသဖြင့် သူ၏နစ်နာမှုအတွက် အမေရိကန် ဒေါ်လာ ၄၀ မီလီယံ လျော်ကြေးတောင်းလိုက်သည်။
Uber ရဲ့ ပြောရေးဆိုရေးခွင့်ရှိသူကတော့ ဒါ ကျနော်တို့နဲ့ မဆိုင်ပါဘူး။ ပြီးတော့ အိမ်ထောင်ရေးကွာရှင်းတဲ့ ကိစ္စဟာ ဥပဒေနဲ့ အညီ လုပ်ထုံးလုပ်စဉ်လုပ်ရတာ ဖြစ်ပြီး Uber အနေနဲ့ သူတစ်ပါးကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်း မပြုပါဘူး လို့ ပြောခဲ့ပါတယ်။ Uber App သည် Taxi အငှားဝန်ဆောင်မှုဖြစ်ပြီး GPS ကိုအခြေခံကာ ရောက်ရှိနေရာနှင့် သွားခဲ့သော၊ ငှားခဲ့သော ခရီးစဉ်များကို ဖော်ပြပေးသည်။ ထို့အပြင် ကားငှားမည့် ကုန်ကျစရိတ်နဲ့ အချိန်ကိုပါ တွက်ပေးသည်။
၂၀၁၀ခုနှစ် စစ်တမ်းများအရ လူမှုကွန်ရက်များနဲ့ App များကြောင့် အိမ်ထောင်ရေးပြိုကွဲမှု ပိုမိုမြင့်တက်လာကြောင်း သိရှိရသည်။