Home News မွတ်စလင်နိုင်ငံ (၇) နိုင်ငံမှ နိုင်ငံသားများ New York နှင့် Disneyland မြို့သို့သွားပါက မိမိတို့၏ လူမှုကွန်ရက် အကောင့်နှင့် password ပေးရမည်

မွတ်စလင်နိုင်ငံ (၇) နိုင်ငံမှ နိုင်ငံသားများ New York နှင့် Disneyland မြို့သို့သွားပါက မိမိတို့၏ လူမှုကွန်ရက် အကောင့်နှင့် password ပေးရမည်

0
မွတ်စလင်နိုင်ငံ (၇) နိုင်ငံမှ နိုင်ငံသားများ New York နှင့် Disneyland မြို့သို့သွားပါက မိမိတို့၏ လူမှုကွန်ရက် အကောင့်နှင့် password ပေးရမည်

အမေရိကန်ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒအသစ်ကို တရားသူကြီးကနေ ပယ်ချပြီးလိုက်နောက်မှာ လေဆိပ်မှာ ဖြစ်နေတဲ့ ပြဿနာ ပြီးဆုံးသွားပေမယ့် ယခုချမှတ်လိုက်တဲ့ စည်းမျဉ်းအသစ်ကတော့ အနည်းငယ်ထူးဆန်းနေပါတယ်။ မြို့တော်ရဲ့ လုံခြုံရေးအရ သတ်မှတ်ထားတဲ့ မွတ်စလင်နိုင်ငံ (၇) နိုင်ငံက နိုင်ငံသားများ New York နဲ့ Disneyland မြို့တော်သို့ မည်သည့်အကြောင်းဖြင့် ဖြစ်စေ လာရောက်ပါက မိမိတို့၏ လူမှုကွန်ရက် user name နှင့် password အား ပေးရမည် သတ်မှတ်လိုက်သည်။

နိုင်ငံတော်လုံခြုံရေးအတွင်းရေးမှူး ဂျွန် ကယ်လီက ” ကျနော်တို့ သူတို့တွေရဲ့ လူမှုကွန်ရက်အချက်အလက်ဖြစ်တဲ့ username ရော password ရော လိုချင်ပါတယ်။ အဲ့ဒီအတွက် ဘာပြောချင်ပါသလဲ ” ဟု ပြောဆိုခဲ့သည်။ ထို့သို့ လုပ်ဆောင်ရခြင်းမှာ လုံခြုံရေးကိစ္စကြောင့်ဖြစ်ပြီး သူတို့ရဲ့ social media မှာ ဘာတွေရေးလဲ၊ ဘယ်သူတွေနဲ့ ဆက်သွယနေလဲဆိုတာ သိဖို့ဖြစ်ပါတယ် လို့ သိရပါတယ်။ ဂျွန်ကယ်လီ က ” အကယ်၍ ဒီအချက်အလက်တွေ ကျနော်တို့ကို မပေးချင်ရင် ဒီကိုလဲ မလာနဲ့ပေါ့ ” ဟု ပြောခဲ့သည်။

သတ်မှတ်ထားတဲ့ မွတ်စလင်နိုင်ငံ (၇) နိုင်ငံကတော့ အီရန်၊ အီရတ်၊ ဆီးရီးယား၊ ဆူဒန်၊ ဆိုမားလီးယား၊ လစ်ဗျား နဲ့ ရီမန် နိုင်ငံ တို့ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ (၇) နိုင်ငံသားတို့ New York နဲ့ Disneyland ကိုသွားရင် ၎င်းတို့ရဲ့ လူမှုကွန်ရက် အချက်အလက် အပြည့်အစုံကိုပေးရတော့မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: