Home News Xiaomi Redmi Note 4X Hatsune Miku Limited Edition ထွက်မည်

Xiaomi Redmi Note 4X Hatsune Miku Limited Edition ထွက်မည်

0
Xiaomi Redmi Note 4X Hatsune Miku Limited Edition ထွက်မည်

Xiaomi ရဲ့ Redmi Note 4X ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ ကြေငြာခဲ့ပေမယ့် limited edition အနေနဲ့ထွက်မယ်ဆိုတာကတော့ ယခုမှ ထုတ်ပြန်တာဖြစ်ပါတယ်။ Hatsune Miku anime ဇာတ်ကောင်ပုံကို သုံးထားတဲ့ Redmi Note 4X limited edition အနေနဲ့ထပ်မံထွက်ရှိမှာ ဖြစ်ပြီး ဈေးနှုန်းကိုတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ကြေငြာမှာ ဖြစ်ပါတယ်။ ဒါကြောင့် Redmi Note 4X မှာ ဈေးနှစ်မျိုးနှစ်စား ဖြစ်သွားနိုင်ပြီး အရောင်ကိုတော့ Champagne Gold, Matte Black, Cherry Powder, နဲ့ Platinum Silver Grey colour variants အနေနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Redmi Note 4X မှာတပ်ဆင်မယ့် CPU ကတော့ တရုတ်ပြည်တွင်းအတွက် MediaTek Helio X20 deca-core SoC နဲ့ထုတ်လုပ်မှာ ဖြစ်ပြီး ပြည်ပနိုင်ငံတွေ အတွက် Qualcomm’s Snapdragon 625 octa-core processor နဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဝယ်ယူသူတွေနဲ့ သေချာစစ်ဆေးဖို့လိုပါတယ်။ ဈေးကတော့ ကွာမှာပါ။

Xiaomi ဟာ ဂျပန်နိုင်ငံအခြေစိုက် Crypton Future Media နဲ့ပူးပေါင်းခဲ့တာ ဖြစ်ပြီး အဆိုပါ ကုမ္ပဏီမှ ဖန်တီးထားသော Hatsune anime ဇာတ်ကောင်အား Limited Edition အနေဖြင့် ထုတ်လုပ်ရောင်းချခြင်း ဖြစ်သည်။ ဒါ့အပြင် Redmi Note 4X Hatsune Miku limited edition ဝယ်ယူသူတိုင်းကိုလည်း Hatsune Miku ပုံပါဝင်တဲ့ Power Bank နဲ့ ဖုန်းကာဗာကိုလည်း လက်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: