Home News သင့်ရဲ့ Xiaomi ဖုန်း MIUI 9 တင်ဖို့ အဆင်သင့်ဖြစ်နေပြီရဲ့လား

သင့်ရဲ့ Xiaomi ဖုန်း MIUI 9 တင်ဖို့ အဆင်သင့်ဖြစ်နေပြီရဲ့လား

0
သင့်ရဲ့ Xiaomi ဖုန်း MIUI 9 တင်ဖို့ အဆင်သင့်ဖြစ်နေပြီရဲ့လား

Xiaomi ဟာ ဘတ်ဂျက်ဖုန်းတွေ ထုတ်လုပ်ရာမှာ အကောင်းဆုံးကုမ္ပဏီတစ်ခု ဖြစ်ပြီး လက်ရှိမှာ Xiaomi ရဲ့ ဖုန်းတွေကို MIUI ဗားရှင်း 8 နဲ့အထောက်အပံ့ပေးထားပါတယ်။ မကြာမှီအချိန်အတွင်းမှာ Xiaomi ကနေပြီး MIUI 9 Update ကို ထုတ်ပေးသွားမှာ ဖြစ်ပြီး Android version 7 ဖြစ်တဲ့ Nougat အပေါ် အခြေခံထားမှာ ဖြစ်ပါတယ်။ အဆိုပါ MIUI 9 Update ကိုတော့ Xiaomi ရဲ့ ဖုန်းတိုင်းရရှိမှာတော့ မဟုတ်ပါဘူး။ နောက်ပိုင်းထွက်တဲ့ ဖုန်းတိုင်းနီးပါးတော့ support ပေးသွားမှာ ဖြစ်ပြီး ဟိုးအရင်တုန်းကထွက်ရှိခဲ့တဲ့ ဖုန်းတွေကတော့ ရရှိမှာ မဟုတ်ပါဘူး။

Mi series ထဲကဆိုရင် Mi4, Mi5, Mi5s, Mi5s Plus, Mi Note 2, Mi Max နဲ့ Mi Mix တို့က update ကို ရရှိမှာဖြစ်ပြီး စိတ်မကောင်းစရာကတော့ Mi3 နဲ့ Mi Note တို့ကတော့ MIUI 9 Update ကို ရရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် MIUI 8 နဲ့ဘဲ ကျေနပ်လိုက်ရမှာ ဖြစ်ပါတယ်။

Redmi series ထဲကဆိုရင် Redmi Note4, Redmi Note 3, Redmi Note2, Redmi 4, Redmi 4 Prime, Redmi 4A, Redmi 3s, Redmi 3 Prime တို့ကတော့ MIUI 9 Update ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Redmi Note, Redmi Note 4G, Redmi 2, Redmi 2 Prime နဲ့ Redmi 1s တို့ကတော့ update ရရှိမှာ မဟုတ်ပါဘူး။

Update ရရှိမယ့်ဖုန်းတွေ MIUI 9 ကို update လုပ်လိုက်တဲ့အခါ တစ်ချိန်ထဲမှာဘဲ Android version 7 ဖြစ်တဲ့ Nougat ဖြစ်သွားပါလိမ့်မယ်။ မကြာခင်ကာလမှာ Xiaomi မှ MIUI 9 ကို ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: